Answer
Chapter<13>"အာ့ရှီး "
"ဟင်"
"ဒါလေးနှစ်ခုထဲကဘယ်ဟာကောင်းလဲ"
ရိပေါ်ဖုန်းကာဗာလေးနှစ်ခုကိုရွေးလာပြီးအာ့ရှီးရှေ့ပြလိုက်တယ်။အာ့ရှီးကသူတို့အဖွဲ့ထဲမှာရင့်ကျက်တည်ငြိမ်ပြီးပစ္စည်းကောင်းလေးတွေကြည့်တက်တဲ့လူ..
"ဒီနှစ်ခုထဲကဆိုရင် ဒါ ငါတော့ဒါလေးပိုကြိုက်တယ်"
"အင်း ဟုတ်တယ်နော် ဒါလေးလည်းလှတယ် ဒါပေမယ့် အပြာရောင်ကြီး ဒီဟာလေးကအစိမ်းလေးမို့ငါကအဲ့ဒါယူရင်ကောင်းမယ်ထင်နေတာ"
"မင်းယူချင်ယူပေါ့ အစိမ်းလည်းအဆင်ပြေပါတယ် မင်းဝယ်မှာပဲဟာ"
"ထားပါ ငါအပြာလေးပဲယူတော့မယ် မင်းဘာယူမလဲ"
"ငါလား နားကျပ်ပဲဝယ်ဖြစ်မယ် ရှိတဲ့နားကျပ်ကပျက်သွားပြီ "
"ငါရှင်းပေးလိုက်မယ်"
"မလုပ်နဲ့ ငါ့ဟာ့ငါရှင်းမယ်"
"အာ့ရှီးးးးမင်း သူစိမ်းမဆန်နဲ့နော် ငါရှင်းမယ် ပါးစပ်ပိတ်"
"ငါသူစိမ်းမဆန်ပါဘူး ယီးကိုသူစိမ်းဆန်ရမှာလား ငါ့ပစ္စည်းလေးကိုငါ့ပိုက်ဆံနဲ့ဝယ်ချင်လို့ဟာ"
"နေတော့ ဒီနေ့ငါရှင်းပေးလိုက်မယ် နောက်တစ်ခါကျမှမင်းဟာ့မင်းဝယ် နော်"
"ပြီးရောပြီးရော.."
"အာ အားပိုင် ဘာလိုချင်လို့လဲ"
"အင်း ဒီကာဗာလေးယူရင်ကောင်းမလားလို့"
"လိုချင်ရင်ယူလေ ငါရှင်းပေးမှာပေါ့ ဒီနေ့ဦးကမင်းတို့လိုချင်တာဝယ်ပေးလိုက်ဖို့ငါ့ကိုမှာထားခဲ့တာ "
"ဟုတ်လား ဒါဆို ငါ့ကိုဒါလေးဝယ်ပေး"
"ယူလိုက်ယူလိုက် "
"ရော့ ရိပေါ်"
"အမ် ဘာတွေလဲ"
"ဟီးးမင်းပဲရှင်းပေးမယ်ဆို"
ပွင့်ပွင့်လင်းလင်းနဲ့ဆိုင်ထဲကကြိုက်သမျှဟာဆွဲချလာတဲ့လျို့ချင်ကိုရိပေါ်တို့သုံးယောက်မရီမိအောင်ထိန်းလိုက်ရသည်။တော်တော်ကြာ ရီမိလို့ရှက်သွားရင်ငိုယိုနေတော့မှာမို့.
ESTÁS LEYENDO
Answer[Completed]
Fanficအခြွေအရံဆိုတာခြွေမှရံကြတယ်မလား..အသက်40အရွယ်သူဌေးကြီးရှောင်ကျန့်ကဖြတ်သန်းခဲ့ရတဲ့သူ့ဘဝတစ်လျှောက်အပေါင်းအသင်းတွေနဲ့ချစ်ရသူမိန်းကလေးအပေါ်မြတ်မြတ်နိုးနိုးနဲ့ခြွေခဲ့ပါရဲ့..တစ်နေ့ကားမတော်တဆမှုတစ်ခုကြောင့်အိပ်ယာထဲလဲသွားရတဲ့အခြေအနေကျ..အနားမှာတစ်ယောက်မှရှိမနေ...