Answer
Chapter<10>"ရိပေါ် ဘယ်လိုဖြစ်တာလဲ မင်းထိသွားလား ဟမ်"
"မင်းတို့လာပြီလား"
"အေးလေကွာ ငါတို့မှာ သတင်းကြားကြားခြင်းပူထူ သွားတာပဲ မင်းအဆင်ပြေတယ်မလားရိပေါ် ဟမ်"
"ငါကပြေပါတယ် ဒါပေမယ့် ဟင့် အင့် ဦး ဦးကခွဲခန်းဝင်နေရတယ်"
"ဟာ အဲ့တော့ အခုအခြေအနေဘာထူးလဲ"
"ဟင့်အင်း မသိသေးဘူး ငါလည်းကြောက်ပြီးသတိလစ်သွားတာ အခုလေးတင်နိုးလာတာ "
"ဖြစ်ရလေကွာ "
"ဒါကြီးကတော့တော်တော်လွန်သွားပြီ "
"ဟျောင့် ရုတ်တရပ်ကြီးဘာထဖြစ်ပြန်တာလဲ"
"ဘာထဖြစ်ရမလဲ အဲ့ဒီ့ဝမ်ကျိုးရီဆိုတဲ့လူကိုပြောတာပေါ့ ဒီကိစ္စလည်းသူ့လက်ချက်ပဲနေမှာ "
"ဟျောင့် ရိပေါ်ရှေ့မှာ.."
"ဘာဖြစ်လဲ ဟုတ်တာပြောတာကို"
"မင်း."
"ထားလိုက်ပါတော့ မင်းတို့မပြောလည်းငါသိနေပြီးသား နောက်ပြီးငါဆုံးဖြတ်ထားတယ်"
"ဘာလဲ ဘာကိုဆုံးဖြတ်ထားတာလဲရိပေါ်"
"ငါအဲ့လူဆီသွားမယ် "
"ဘာ"
"ဟုတ်တယ် ငါသူနဲ့သွားတွေ့မယ် သူနဲ့သွားတွေ့ပြီးသူလိုချင်တာကိုပေးလိုက်မယ်လေ ဒါဆိုဒီကိစ္စတွေပြီးသွားတော့မှာ နောက်ပြီး ဦးရဲ့အသက်လည်းလုံခြုံသွားလိမ့်မယ်"
"အဲ့လိုတွေးတာကတော့ငါလည်းတွေးတက်တာပဲ ဒါပေမယ့်ရိပေါ် ပြောနေတာကလွယ်လွယ်လေး ဟင်းး မင်းလည်းသိတဲ့အတိုင်းသူကမင်းကိုတစ်ဖက်သက်ကြိုက်နေတာ မင်းသူနဲ့အဆက်အသွယ်ရလို့ချိန်းလိုက်တယ်ပဲထား အဲ့နေရာကိုမင်းတစ်ယောက်တည်းသွားရဲသလား ကဲ သွားရဲတယ်ပဲထပ်ထားအုံး သူလိုချင်တာကမင်းဆိုရင်..... မင်း ဘယ်လိုဆက်လုပ်မလဲ ကဲ"
ရိပေါ်အံကျိတ်ကာခေါင်းကိုတွင်တွင်ငြိမ့်လျက်လေပူတို့ကိုမှုတ်ထုတ်လာသည်။အနားမှာပြူးကြည့်နေရှာတဲ့သူငယ်ချင်းတွေကိုသူနီကြောင်ကြောင်မျက်လုံးတွေနဲ့ကြည့်ပြီးခေါင်းကိုငုံ့ချလိုက်တယ်။
KAMU SEDANG MEMBACA
Answer[Completed]
Fiksi Penggemarအခြွေအရံဆိုတာခြွေမှရံကြတယ်မလား..အသက်40အရွယ်သူဌေးကြီးရှောင်ကျန့်ကဖြတ်သန်းခဲ့ရတဲ့သူ့ဘဝတစ်လျှောက်အပေါင်းအသင်းတွေနဲ့ချစ်ရသူမိန်းကလေးအပေါ်မြတ်မြတ်နိုးနိုးနဲ့ခြွေခဲ့ပါရဲ့..တစ်နေ့ကားမတော်တဆမှုတစ်ခုကြောင့်အိပ်ယာထဲလဲသွားရတဲ့အခြေအနေကျ..အနားမှာတစ်ယောက်မှရှိမနေ...