Answer
Chapter<17>"Boss သခင်လေးအိပ်သွားပြီလား"
"အင်း ဗိုက်ပြည့်သွားလို့အိပ်ပြီထင်တယ် ဘာလို့မေးတာလဲ"
"ဘာမှမဟုတ်ပါဘူး "
"နေအုံး အူကြူးနှိပ်စက်ခံရတဲ့ပြသနာအတွက်မင်းနဲ့ငါရှင်းစရာရှိသေးတယ်"
"ဗျာ"
"ဘာလို့အူကြူးနားမှာရှိမနေတာလဲ"
"အဲ့ဒါက....ကျစ်..သခင်လေးသူငယ်ချင်းနဲ့မတည့်လို့လေ"
"အဲ့တော့"
"အဲ့တော့ကားထဲမှာနေခဲ့လိုက်တာ..ဒါပေမယ့်အဲ့ဒါကျွန်တော့်အမှားမှမဟုတ်တာBossရာ"
"ဘာလို့မင်းအမှားမဟုတ်ရမှာလဲ မင်းအသက်ဘယ်နှစ်နှစ်လဲ ဘာလို့အဆပေါင်းများစွာငယ်တဲ့ကလေးတွေနဲ့ဖက်ဖြစ်နေရတာလဲ"
"သူတို့ကဖြစ်နေတာ ကျွန်တော်ကမဖြစ်ပါဘူး"
"ပြောလိုက်ရင်စကားကဟိုလိုလိုဒီလိုလိုနဲ့ အခုငါပြောမယ်နားထောင်"
"ဟုတ် Boss"
"အူကြူးဆေးရုံဆင်းတာနဲ့ငါတို့ပါးနဲ့မားဆီသွားမလို့ "
"ကျွန်တော်လိုက်ပို့ရမှာမလား ဟဲဟဲ"
!ဒေါက်..!
"အ့ Boss"
"စကားကိုဆုံးအောင်နားထောင်..အဲ့နေ့ကျရင်မင်းနေခဲ့ ငါနဲ့အူကြူးပဲသွားလိုက်မယ်"
"ဟာ ဖြစ်လို့လားBossရယ်"
"ဟေ့ကောင် မင်းကိုကားမောင်းသင်ပေးတာငါကွ ဆရာမလုပ်နဲ့"
"အော် ဟီး ဟုတ်သားပဲ"
"အင်း ပြောစရာရှိသေးတယ်"
"ဟုတ်ကဲ့ ပြောလေBoss"
"မင်းအူကြူးသူငယ်ချင်းရှောင်ပိုင်ဆိုတဲ့ကောင်လေးနဲ့ဘယ်အဆင့်ရောက်ပြီးပြီလဲ"
"အမ် အဲ့ဒါလည်းBossကသိနေတာလား"
"မငြင်းပုံထောက်ရင်အူကြူးပြောတာမှန်နေတာပေါ့ ဟုတ်လား..."
လက်ကြီးနောက်ပစ်ကာခေါင်းငုံ့နေသောဝူပင်းကိုရှောင်ကျန့်ဒေါသမျက်ဝန်းတွေနဲ့ကြည့်လိုက်တယ်။
BINABASA MO ANG
Answer[Completed]
Fanfictionအခြွေအရံဆိုတာခြွေမှရံကြတယ်မလား..အသက်40အရွယ်သူဌေးကြီးရှောင်ကျန့်ကဖြတ်သန်းခဲ့ရတဲ့သူ့ဘဝတစ်လျှောက်အပေါင်းအသင်းတွေနဲ့ချစ်ရသူမိန်းကလေးအပေါ်မြတ်မြတ်နိုးနိုးနဲ့ခြွေခဲ့ပါရဲ့..တစ်နေ့ကားမတော်တဆမှုတစ်ခုကြောင့်အိပ်ယာထဲလဲသွားရတဲ့အခြေအနေကျ..အနားမှာတစ်ယောက်မှရှိမနေ...