REPUBLISH
"အကို ပင်ပန်းနေပြီလား"
ကော်ဖီခွက်လေးယူလာရင်း အပြုံးယဲ့ယဲ့လေး ဆင်မြန်းကာ အခန်းထဲ၀င်လာတဲ့ Jung kook ကို တစ်ချက်ငဲ့ကြည့်ပြီး အကို့မျက်၀န်းတွေက စာရင်းဇယားတွေဆီ ရောက်သွားလေရဲ့။
အကိုက တကယ့် အလုပ်သရဲ။"ပြီးတော့မှာပါ မင်းကမအိပ်သေးဘူးလား"
"အကိုသောက်ဖို့ ကော်ဖီယူလာပေးတယ် သောက်လိုက်နော်"
စားပွဲပေါ် ကော်ဖီခွက်လေးတင်ပေးရင်း
"ကျတော်က အိပ်တော့မှာပါ အကိုလဲ စောစောအိပ်နော် ညဉ့်မနက်စေနဲ့"
"အင်း ခဏနေအိပ်တော့မှာ"
"ဒါဆို ကျတော် သွားအိပ်တော့မယ်"
"အင်း good night "
"ဟုတ်ကဲ့"
တစ်နေ့တာသည် ထိုကဲ့သို့ပင် ပြီးဆုံးသွားခဲ့သည်။
အကို့အားနှုတ်ဆက်ပြီးသည်နှင့် အခန်းထဲပြန်၀င်ကာ
ကုတင်ပေါ် သက်တောင့်သက်သာ လှဲချသည်။ ထို့နောက်
စောင်ကို ရင်ဘတ်အနားထိ ဆွဲခြုံလိုက်ပြီး မျက်၀န်းအစုံအား မှိတ်ချလိုက်သည်။
အလွယ်တကူ အိပ်ပျော်တတ်သူ မဟုတ်တာမို့ ကျတော်တို့နှစ်ယောက် လက်ထပ်ဖြစ်ပုံကို ပြန်တွေးနေမိသည် ။ချစ်ခဲ့ကြလို့မဟုတ်။ အပေးအယူအနည်းငယ်သာ ရောသည်။ Jeon Jung Kookသည် သားလိမ္မာလေးမဟုတ်ငြား မိဘစကားကိုတော့ အကြောင်းပြချက်မရှိပဲ ငြင်းဆန်တာမျိုးမရှိ။
နားအေးရင်ပြီးရော စိတ်ရှုပ်အောင် မလုပ်လျှင် အဆင်ပြေသည်။ အကိုနဲ့နေရာချပေးဖို့ပြောတုန်းကတော့ မဖြစ်နိုင်ကြောင်း ငြင်းခဲ့ဖူသည်။ ရုတ်တရက်ကြီး ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ခိုင်းခြင်းအတွက် သူ့မှာ အံ့သြမဆုံး။သို့သော်လဲ မိဘဟူသည် ကိုယ့်သားသမီးကို ဒုက္ခတွင်းထဲတော့ တွန်းချမှာမဟုတ်။ အကြောင်းတစ်ခုခု ရှိလို့သာပေါ့။ မေမေ့စကားအရ အကိုသည် လူတော်လူကောင်း တစ်ယောက်ဖြစ်ကြောင်း
အရှုပ်အယှက်မရှိ အလုပ်နဲ့သာ လုံးပန်းနေတတ်သော သူဖြစ်ကြောင်း သိရသည့်အခါ သူ့အနေနဲ့မဆိုးဟု တွေးမိခဲ့သည်။
YOU ARE READING
SERECT SKY
Fanfictionနီးကပ်လွန်းတဲ့အရာတွေကို ကျတော်တို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ အကယ်၍ ကျတော်တို့သာ မျက်၀န်းတွေကို ပိတ်မထားခဲ့ဘူးဆိုရင် ရှင်းရှင်းလင်းလင်းမြင်နိုင်ချိန်ဟာ နောက်မကျစေဖို့ ဆုတောင်းရအောင်။ Taekook နီးကပ်လွန်းတဲ့အရာတွေကို ကျတော်တို့ ရှင်းရှင်းလင်းလ...