Episode 3

993 91 0
                                    

၀ရံတာအထက် လက်ကလေးပိုက်ရင်း ရပ်နေသည့် ပုံရိပ်လေး၏မျက်နှာထက် ပုစွန်နီရောင် နေရောင်တို့ဖြန့်ကျက်လျက်ရှိကြသည်။ ဆောင်းလေကြမ်းကြောင့် ပုံရိပ်လေး ၀တ်ဆင်ထားသော မိုးပြာရောင် အင်္ကျီအနားသတ်များသည်လည်း တဖြတ်ဖြတ်လူးလွန့်လျက်။
နဖူးရှေ့ရှိဆံစတို့သည်လဲ အစိုးမရစွာ ပြန့်လွင့်နေပြန်သည်။ ပုံရိပ်လေးကတော့ ကျေနပ်နေဟန်ပါပင်။ ပါးချိုင့်မမြည်သော ပါးထက်မှာ အရာသေးသေးလေး ပေါ်သည်အထိ နှစ်ခြိုက်စွာပြုံးနေဟန်က ဟေမန်ညနေခင်းအလှအား ပနံတင့်စွာပံပိုးပေးနေပြန်သည်။

"ကျွီ"

အိမ်ရှေ့ကားရပ်သံကြားမှ ပုံရိပ်ကလေးက ၀ရံတာမှ အလျင်အမြန်ပြေးဆင်းသည်။ ဆိုင်သူလေးငြိုငြင်မှာကို သေမလောက်ကြောက်တတ်သူမို့ ပြန်လာတာကိုတောင် သတိမထားမိရကောင်းလားဆိုပြီး မချိတင်ကဲဖြစ်နေရှာတဲ့ ပုံရိပ်လေးရယ်ပါ။
ပေါ်တီကိုအောက်မှနေပြီး ကားပေါ်ကဆင်းလာတဲ့ အကိုမျက်နှာမှာ အနည်းငယ် တင်းမာနေသည်ကို မြင်တော့ အစောနကထိ ကြည်နူးနေသော စိတ်တို့သည် အနည်းငယ်တော့ ရှိန်သွားရသည်။

"အလုပ်အဆင်ပြေရဲ့လား အကို"

လက်ထဲက အိတ်ကို လက်ပြောင်းယူကာ အကို့မျက်နှာထက် အရိပ်အခြေကြည့်ရင်း မေးလိုက်တော့

"ဟင့်အင်း "

သက်ပြင်းချရင်းပြောလာတာကြောင့် စိတ်မကောင်းဖြစ်သွားရသည်။အကိုကတော့ အလုပ်တွေနဲ့ တစ်နေကုန်ပင်ပန်းနေခဲ့ပြီး သူကတော့ အေးအေးဆေးဆေးပျော်နေနိုင်တာဟာ အကို့အတွက် မတရားသလိုများ ဖြစ်နေမလား။

"ဒေါ်ကြီး အကို့အတွက် ပျားသံပရာတစ်ခွက်ယူလာပေးနော်"

"ဟုတ်ကဲ့"

ဆက်တီခုံပေါ်ခြေပစ်လက်ပစ် ထိုင်ချလိုက်တဲ့ အကို့ပုံစံက အတော့်ကိုမသက်မသာရှိလှသည်။ ဘာမှမကူညီပေးနိုင်တဲ့အတွက်လည်း အကို့ကိုအားနာလှသည်။

"အကို ပင်ပန်းနေရင် ကျတော်နှိပ်ပေးမယ်လေ"

ဘာဖြစ်လာတာလဲလို့လည်း မမေးချင်။နှစ်သိမ့်ပေးတယ်ဆိုတာကလဲ သူကျွမ်းကျင်တဲ့အရာမဟုတ်လို့ ထိုအတိုင်းပြောလိုက်မိပေမဲ့ အကိုကြိုက်ပါ့မလားဆိုပြီး စိုးရိမ်ရသေးသည်။ သို့သော် အကိုက သူ့ပေါင်ပေါ်အလိုက်သင့်လေး လှဲချလာတဲ့အခါ စိုးရိမ်မှုလေးတော့ ပျောက်ကွယ်သွားခဲ့လေသည်။

SERECT SKYWhere stories live. Discover now