Episode 24

935 82 7
                                    

လက်လွှတ်ရခါနီး အလွတ်ရသွားအောင် ထပ်ခါထပ်ခါ မှတ်နေမိတာမျိုး။ တခြားသူကိုပေးရတော့မှာသိလို့ တခြားသူဆီမရောက်သွားခင်လေး အမြတ်တနိုးထိုင်ကြည့်နေမိတာက သူခေါင်းထက်ကလေငွေ့လေးတွေ ပုံမှန်ဖြတ်သန်းပြီး နိမ့်တုန်မြင့်တုန် ရင်ဘတ်ကျယ်ကြီး ပုံမှန်နှုန်းလေးနဲ့ ခုန်လာကတည်းက။ ပြေလျော့သွားတဲ့ လက်တွေကြားထဲထိုးထွက်ကာ ခေါင်းအုံးအိအိပေါ်က အကို့မျက်နှာလေးကို သဲသဲကွဲကွဲမြင်နိုင်မယ့် နေရာကနေလက်ထောက်ကြည့်နေမိသည်က နာရီအတော်ကြာ။ ဆံပင်လေးတွေကို အကြောင်းရင်းမရှိ အမြတ်တနိုး ထပ်ခါထပ်ခါပွတ်သပ်ပေးနေမိသည်။
နှာတံဖြောင့်ဖြောင့်လေးအဆုံးက မှဲ့နက်လေး။
တကြိမ်တစ်ခါသာ ထိကပ်ရုံမျှ နမ်းရှိုက်ဖူးခဲ့သော ခပ်ပါးပါးနှုတ်ခမ်းသားလေးတွေ။ ပိတ်ထားတဲ့မျက်ခွံလေးတွေအောက်က ကျတော်သိပ်စွဲလန်းရတဲ့ မျက်ဝန်းညိုညိုတွေ။ ကျတော့်ကို သဝန်တိုနေတယ်လို့ ထင်မိခဲ့တဲ့ မေးရိုးတင်းတင်းလေးတွေက အိပ်နေတော့လည်း သူ့အနေအထားနဲ့သူ ကြည့်လို့ကောင်းနေပြန်ရော။ အကိုရဲ့ လက်သွယ်သွယ်တွေကိုလဲ ကျတော်အရမ်းကြိုက်တာ အကိုရဲ့။ နောက်များတော့ တခြားသူရဲ့အပိုင်ဖြစ်တော့မလား။ မှောင်နေလို့လည်းဖြစ်နိုင်သလို အကိုမျက်လုံးတွေပိတ်ထားတာကြောင့်လဲ ဖြစ်နိုင်တာပဲ။ အတားအဆီးမရှိကျနေတဲ့ ကျတော့်မျက်ရည်တွေကို အကိုမမြင်ရဘူးမလား။ မျက်နှာသွယ်သွယ်လေးပေါ် လက်လေးတင်ကာ မျက်ခုံးတန်းတွေဆီ မျက်ခွံလေးတွေဆီ မျက်တောင်ရှည်ရှည်လေးတွေထက် နှာတံသွယ်သွယ်လေး ပါးပြင်မိုမို့လေး နှုတ်ခမ်းပါးလေးအရောက် တိတ်တဆိတ်အနမ်းခြွေကာ အဆုံးသတ်လိုက်သည်။

ချစ်တယ် ဂင်ထယ်ယောင်း ပထမဆုံးနဲ့ အရူးအမူးချစ်ရတဲ့ နောက်ဆုံးသောအချစ်ပဲ။

မအိပ်နိုင်တော့တဲ့ ညအချိန်အတွက် မနက်ခင်းကိုသာ မျှော်လင့်ရင်း မနက်ဖြန်မှာရောက်လာမဲ့ နှစ်ပတ်လည်နေ့အတွက် ကြိုတင်ပြင်ဆင်ရမယ်လေ။ အဲဒီ့နေ့လေးအတွက် ခံစားနေရတာတွေကို မေ့ပစ်ထားပြီး အကိုနဲ့အတူ ပျော်စရာတွေ ဖန်တီးကြတာပေါ့။ နှစ်ပတ်လည်နေ့လေးက အမှတ်တရတွေနဲ့ ပြည့်နေရမယ်။

SERECT SKYWhere stories live. Discover now