Part 1

1.8K 60 2
                                    

"ဘိလပ်ပြန် မထား"

အဝင်ပေါက်မှာချိတ်ထားသော ဆည်းလည်းသံလေးနဲ့အတူ အမျိုးသမီးတစ်ဦး စာကြည့်တိုက်ထဲသို့ဝင်လာသည်
'ဟန်သာ ဒီနေ့နောက်ကျလိုက်တာ´
နေ့တိုင်းလာလေ့လာထရှိသောသူဖစ်သောကြောင့် စာကြည့်တိုက်မှုးက မျက်မှန်းတန်းမိနေပုံပေါ်သည်
'ဟုတ်တယ်ဦးလေး ဓမ္မာရုံရှေ့ကပွဲတခုကိုဝင်ပြီးစပ်စုနေလို့ရဲ့´
အဲ့အမျိုးသမီးရဲ့ပြန်ဖြေပုံမှာ အသံစူးစူးလေးက လိုက်ဖက်သည်
'ရန်ပွဲလား ငါ့တူမ´စပ်စပ်စုစုရှိလှသူမို့မေးမိခြင်းပါ
'မဟုတ်ပါဘူး မြွေအလိမ္မာယ် ပြနေတာ တော်တော်ထူးဆန်းတာ အဲ့တာတေကလဲ မြွေတစ်ကောင်ကိုယဥ်ပါးအောင်လုပ်တာက လွယ်ကူတဲ့ကိစ္စလဲမဟုတ်တာကို´
'လောကကြီးက ထူးဆန်းတဲ့ကိစ္စတွေနဲ့ပြည့်နေတာဘဲလေ ငါ့တူမရေ´
'အဲ့အကြောင်းရေးတဲ့စာအုပ်ရှာဖတ်ဦးမယ် ´
'ညည်းစိတ်ကျသာရှာဖတ်တော့ ဦးလေးလဲ ခုနက ရောက်လာတဲ့ရှေးဟောင်းပစ္စည်းလေးကိုနေရာချရဦးမယ်´
စာကြည့်တိုက်မှူးကပြောရင်းပင်
ထိုင်နေရာမှထလာသည် သူမကတော့ စာအုပ်စင်ပေါ်မှာ မြွေနဲ့ပက်သက်တာတေရှာနေတုန်း ရှေးဟောင်းပစ္စည်းဆိုတော့ သိချင်စိတ်ကထိန်းမရတော့
ဟန်သာ ဆိုတာ ရှေးဟောင်းပစ္စည်း
တို့ဆိုသိပ်ကိုမြင်ဖူးချင်တာကိုး
'ဘာပစ္စည်းလဲဦးလေး သမီးကူပေးမယ်လေ´
'ဓာတ်စက်လို့ပြောတာဘဲ ဓာတ်ပြားတေပါထည့်ပေးလိုက်တယ်တဲ့´
စာကြည့်တိုက်မှုးက သေချာထုပ်ပိုးထားသည့်ဂျပ်ဖာကိုကြည့်ကာဖြေသည်
'သမီးဖောက်ပေးမယ်လေ ကပ်ကြေးယူလိုက်ဦးမယ် အပေါ်က ကြိုးက ကပ်ကြေးနဲ့မှရမှာ´
စာကြည့်တိုက်မှူးစားပွဲပေါ်က ကပ်ကြေးကိုယူပြီး ဂျပ်ဖာကို ဖွင့်ရတော့သည်
'ဓာတ်စက်ဆိုတာဒီလိုကိုး´ဟန်သာက အံ့သြမှုနဲ့ပြောလိုက်သည်
'သမီးအရင်ကမမြင်ဖူးဘူးလား ´
'ဖုန်းထဲမှာတော့မြင်ဖူးတယ်ဦးလေးရဲ့ အပြင်မှာမြင်ဖူးတာပထမဆုံးဘဲ လှတယ်နော် ´
'အပေါ်က ဓာတ်ပြားတေက ဦးလေးကိုပေး စာရင်းရေးလိုက်ဦးမယ် အလှူရှင်က သေချာလေးထုပ်ပိုးပေးလိုက်တာဘဲ´
စာကြည့်တိုက်မှုးက ဓာတ်ပြားတေကိုပြန်ယူပြီးသူ့စားပွဲပေါ်တင်ကာ မှတ်တမ်းစာအုပ်ထဲသေချာရေးမှတ်နေလေရဲ့
ဟန်သာကတော့ ခုမှမြင်ဖူးတဲ့ဓာတ်စက်ကို ဖွင့်ကာသေချာလေ့လာစူးစမ်းနေလေသည်
စာတ်စက်ရဲ့အောက်ခြေလေးမှာလှပစွာသေချာထွင်းထားတဲ့ စာသားလေးကိုသူမလက်နဲ့ဖွဖွကိုင်ကြည့်ကာ ပါးစပ်ကရေရွတ်လိုက်လေသည်
'မထားကြွယ်(ဘိလပ်ပြန်)´ဖတ်ကြည့်ပြီးမှ သူမ ငိုချင်လာသလိုလိုခံစားရသည် 'ငါဘာဖစ်တာပါလိမ့်´
'ဓာတ်ပြားတေက နာမည်ကြီးသီချင်းတေဘဲ ´စာကြည့်တိုက်မှုးက ဝမ်းသာဟန်နှင့်ပြောသည်
'ဓာတ်စက်က ဖွင့်လို့ရသေးတယ်ပြောတာဘဲ ဟန်သာရေ ဖွင့်ကြည့်ရဦးမယ်´
ဟန်သာ သူမကိုယ်သူမဘာဖစ်နေမှန်းမသိပါ စာကြည့်တိုက်မှူးအရှေ့က ဓာတ်ပြားတေထဲက တချပ်ကိုယူကာ
သူမ ကိုယ်တိုင်သတိမထားမိဘဲ ဓာတ်စက်မှာသွားတပ်ပြီး လက်ကိုင်လေးကိုလှည့်ကာ အပ်လေးကိုချလိုက်သည်
'ငါ့တူမက ခုမှမြင်ဖူးတယ်သာပြောတယ် ဖွင့်နည်းသိသားဘဲ´
ထိုအချိန်မှာဓာတ်စက်က အသံစတင်ထွက်လာလေပြီ ဟန်သာသည်ပြုလုပ်နေကြအတိုင်းထူးဆန်းစွာ အသံအတိုးအချဲ့ကိုပါညှိလိုက်သည်
~နွေဦးယံ အဖူးအခက်ဆီ ..
မြပန်းခွေမခူးရက်ပြီ...
ရောင်ယှက်ဖြာသန်းတော့သည်..
ပန်းလိပ်ပြာ ရစ်ဝဲကာ နွဲကြပြီ...~~
'ဘိလပ်ပြန်သန်းလေ ခုထိသူ့သီချင်းတေပြန်ပြီးဆိုနေကြတုန်း ငါ့တူမရဲ့ နာမည်သိပ်ကြီးတာကိုး´
ဟန်သာရဲ့နားထဲ စာကြည့်တိုက်မှူးရဲ့ပြောစကားတေမကြားမိတော့ပါ ရောက်ရှိသွားတဲ့အမှောင်ထုထဲ သူမဘာကိုမှထိတွေ့ခံစားမှုမရှိ သူမကြားမိတာ ခုနဓာတ်ပြားထဲကထွက်ပေါ်လာတဲ့သီချင်း
အလင်းရောင်အနည်းငယ်မြင်လိုက်ရသည် သေချာပေါက်ပြတင်းပေါက်တခုကထွက်လာတဲ့ အလင်းရောင် သူမလက်အောက်မှာနဲ့စမ်းမိတဲ့အရာက လမ်းမတခုဘဲ ကတ္တာရာလမ်းလဲမဟုတ် ဘေးပတ်ပတ်လည်ကြည့်တော့လဲ သစ်သားခြံစည်းရိုးကိုရေးရေးမြင်ရသည် ဓာတ်တိုင်လဲမရှိဘူး
'ငါဘယ်လိုလုပ် ရွာရောက်သွားတာလဲ
ငါ့မေတို့ရွာကလျှပ်စစ်မီးရပါတယ်ဟဲ့´
ဟန်သာ တွေးမိတုန်းပင် ပြတင်းပေါက်ဆီကအရိပ်ကိုမြင်လိုက်ရသည် အမျိုးသမီးတစ်ဦး သူမရဲ့ဆံပင်ရှည်များကို လိပ်ထားတဲ့ ခေါင်းဘီးမှဖြည်ချနေတယ် အရိပ်ကပင်သိပ်ကိုကဗျာဆန်တာ .

ဘိလပ်ပြန် မထားWhere stories live. Discover now