လွန်ခဲ့တဲ့ အတိတ်ကာလတွေမှာ
မထားခင် ဆိုတာ လူငယ်ဘဝကို တက်တက်ကြွကြွနဲ့ ဖြတ်သန်းခဲ့ရတဲ့ မိန်းမပျိုလေး တယောက်သာ
ဥစ္စာဓါန ကြွယ်ဝတဲ့ ဖခင်ဖြစ်သူရှိတာကြောင့် စစ်အတွင်းမှာကျောင်းတက်ခဲ့ရပေမဲ့
သူမ အတွက် ပင်ပန်းဆင်းရဲတယ်ဆိုတဲ့ စကားနဲ့ တခါမှ ထိတွေ့မှုမရှိခဲ့ရာ အလွန်သက်သာသော အခြေအနေနှင့်နေထိုင်ခဲ့ရ၏။
သို့ရာတွင် လှတဲ့ပန်းကို လိုချင်သူပေါများတာကလဲ ဓမ္မတာပင် ဖြစ်၏။
ထိုသို့ပေါများလှသည့် လူများအထဲမှ မထားခင်သည် သူမနှင့် အတန်းတူ ရွယ်တူ ခင်မောင်ကြီး ဆိုသည့် အမျိုးသားကိုမှ ရွေးချယ်ခဲ့လေသည် ။ထိုရွေးချယ်ခြင်းသည် ကောင်းသည်လား ဆိုးသည်လား ဆိုတာကိုတော့ သူမ ဖခင် ဦးစိန်တိုးကသာလျှင် သတ်မှတ်ပေးခဲ့လေသည်။
"ဘာလို့လဲ ဖေဖေ ၊ငွေရှိမှလူရာဝင်တယ်လို့ ဘယ်သူတွေကများ ဖေဖေ့ကို ပြောလိုက်သလဲ။
အဆင့်အတန်းတူမှ မေတ္တာရှိလို့ရမယ်။ ဘယ်လိုသူတွေကသတ်မှတ်လိုက်တာများလဲ...အချုပ်အနှောင်တွေနဲ့ နေရတာမှသာ အဆင့်ရှိတယ်လို့ ...."
တိုးညှင်းစွာ ရှိုက်ငိုသံများသည်
ဓာတ်စက်မှ သံစဥ်များကသာ ဖုံးလွှမ်းသွားတော့၏။............................................................
မမထား နောက်ကို တခဏကြာမှလိုက်သွားတော့ ဟန်သာ လှေကားပေါ်ကအဖြူရောင်အရိပ်လေးကိုဘဲ တွေ့လိုက်ရတယ်။
'မစိန်'
ဟန်သာ ခေါ်လိုက်ပေမယ့် မစိန် မျက်နှာကောင်းပါ ဝမ်းနည်းရိပ်တွေဖုံးလွှမ်းနေသည့် ပုံစံဖြင့်
"ဟန်သာ ဘာပြောချင်လို့လဲ"
"ဟို ဘာမှမလိုချင်ပါဘူး ဘာကူပေးရမလဲ မေးမလို့ပါ"
"စျေးကပါတဲ့ကြက် ခုတ်ပြီးသားလေးတွေ ရေဆေးပေးပါ ကျမ မီးမွှေးနှင့်ချင်လို့လေ ဒီနေ့မှ မီးက တောက်ဖို့အရေးမမြင်မိဘူး"
"ဟုတ် ရတယ်"
မမထား အကြောင်းမေးချင်ပေမဲ့ တစ်ဖက်က စပ်စုလိုက်တာလို့ အထင်ခံရမှာစိုးသည့်အတွက် ကူညီဖို့သာလုပ်လိုက်တော့သည်။
ကိုတွေခေတ်လို CPကြက်တွေ ဟန်းချိန်းတွေ မရှိသောကြောင့် ခြံမွေးဗမာကြက် စစ်စစ်တွေဖြစ်လိမ့်မည်။
အိမ်ဘေးက စဥ့်အိုးနားသွားကာ ဆေးစရာရှိတာ ဆေးရင်း အပေါ်ထပ် ပြတင်းပေါက်ဆီ လှမ်းကြည့်မိသည့်အခိုက် သီချင်းသံလဲ လွင့်ပျံလာလေပြီ သေချာတာတော့ မမထား အနားယူနေပြီထင်ပါတယ်...
YOU ARE READING
ဘိလပ်ပြန် မထား
Historical Fiction~နွေဦးယံ အဖူးအခက်ဆီ .. မြပန်းခွေမခူးရက်ပြီ... ရောင်ယှက်ဖြာသန်းတော့သည်.. ပန်းလိပ်ပြာ ရစ်ဝဲကာ နွဲကြပြီ...~~ ရှေးခေတ်ပြောရရင် ၁၉၆၀ခုနှစ်လောက်ကမြန်မာနိုင်ငံရဲ့အကြောင်းကို အမျိုးသမီး၂ယောက်နဲ့ဖော်ပြမှာပါ ၂၀၂၁ နဲ့ ၁၉၅၀ရဲ့ခြားနားမှုတေကိုမြင်ရမှာပါ အဓိက ကသီ...