'ဘယ်လိုတောင်ဆန်းကြယ်မှုလဲ ကမ္ဘာကြီးကမှော်ဆန်မှုတေနဲ့ပြည့်နေတာကိုလက်ခံပါတယ် ဒါကြီးကတော့မဟုတ်သေးဘူးလေ '
------------------------ပထမဦးဆုံး ဟန်သာ့အကြောင်းကိုအရင်ပြောပြချင်လို့ ဟန်သာက မန္တလေးသူစစ်စစ်ပါ
အသက်၁၇နှစ်ဘဲရှိသေးတဲ့ စပ်စုတတ်တဲ့ကောင်မလေးပါ
ရှေးဟောင်းပစ္စည်းတေကိုအလွန်စိတ်ဝင်စားတတ်ပြီး စာဖတ်ရတာအလွန်ပါသနာပါတယ် သူမရဲ့အိမ် ပြီးရင်စာကြည့်တိုက်က သူမအချိန်အများဆုံးကုန်ဆုံးရာနေရာ
ဖုန်းသုံးရတာကိုစာဖတ်တာလောက် ဝါသနာမပါဘူးတဲ့ တကယ်က သူငယ်ချင်းများများစားစားမရှိတာလဲဖစ်မယ်
မိဘနှစ်ပါး အကို၂ယောက်နဲ့အတူနေတယ် အကြီးဆုံးအကိုကတော့ အိမ်ထောင်ကျပြီးသွားတော့ အိမ်ခွဲနေဖစ်တယ် အကိုအလတ်နဲ့ကတော့ ရန်ဖစ်ဖော်ဖစ်ဘက်တွေ ဟန်သာတို့မောင်နှမတွေက တယောက်နဲ့တယောက်အသက်အတော်ကွာတယ် အကိုအကြီးဆုံးနဲ့ဟန်သာဆို ၁၄နှစ်ကွာတယ် အလတ်နဲ့က ၈နှစ်ကွာတယ်
အိမ်မှာအငယ်ဆုံးပေမဲ့ အလိုလိုက်ခံရတဲ့အထဲတော့မပါဘူး အကိုလတ်က မိဘအပေါ်မသိတတ်တော့ အကိုကြီးအိမ်ထောင်ကျတဲ့အခါ ဟန်သာ ကဘဲ မိဘအပေါ်ကူညီရတယ်
အမေဆိုတာကလဲ သားတွေကိုပိုချစ်တာကိုး အကိုလတ်မှားရင်တောင်အပြစ်မပြောရှာဘူး
အိမ်မှာ ယောကျ်ားလေးလုပ်ရမဲ့ကိစ္စရပ်တွေဆိုလဲ ဟန်သာဘဲကူလုပ်ရတယ် စျေးကအပြန်ဝယ်လာတဲ့ပစ္စည်းတေကိုနေရာချတာကအစ ရေဆိုးမြောင်းဆယ်တာ အဆုံး
ဟန်သာက အရပ်ရှည်တယ် အဖေတူတာပါ အမေနဲ့တူရင် ပုပုလေးဖစ်နေမှာ
အမေက ဟန်သာနဲ့ဆို ပုခုံးအောက်လောက်ဘဲရှိတာ
သူများတွေဆံပင်ရှည်လေးတေနဲ့ဆို သိပ်သဘောကျပေမဲ့ သူမကိုယ်တိုင်ကျ အရှည်မထားချင်ဘူး ဟန်သာက အမြဲ ဂုတ်ထောက် ကေဘဲထားတယ်
ဟန်သာ့မှာထူးခြားတာတခုရှိတယ် ယောကျ်ားလေးတေဘယ်လောက်ချောချောစိတ်မဝင်စားပေမဲ့ အမျိုးသမီးချောချောလေးတေတွေ့ရင် သမင်လည်ပြန် တွေသာမက သစ်ကုလားအုတ်လည်ပြန်ပင် ငေးတတ်တတ်ပါတယ်------------------------
'ငါဘယ်လိုလုပ် ရွာရောက်သွားတာလဲ
ငါ့မေတို့ရွာကလျှပ်စစ်မီးရပါတယ်ဟဲ့'
ဟန်သာ တွေးမိတုန်းပင် ပြတင်းပေါက်ဆီကအရိပ်ကိုမြင်လိုက်ရသည် အမျိုးသမီးတစ်ဦး သူမရဲ့ဆံပင်ရှည်များကို လိပ်ထားတဲ့ ခေါင်းဘီးမှဖြည်ချနေတယ် အရိပ်ကပင်သိပ်ကိုကဗျာဆန်တာ
ဘေးတိုက်အနေအထားနဲ့ပင် သိပ်ကိုမဟာဆန်တဲ့ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့အမျိုးသမီး
ဝဲကျလာတဲ့ဆံနွယ်တေကို လက်နဲ့ပြန်စုပြီး ဆံပင် အောက်အဖျားတေကနေ စပြီး ဆံနွယ်တွေကို ဘီးနဲ့ဖြေးဖြေးချင်းပြန်ပြီးသပ်ချတယ်
သူမအရှေ့မှာ ကြည့်မှန်ရှိပုံပေါ်သည်
အင်း...အဲ့ကြည့်မှန်နေရာ တခဏဝင်ချင်စိတ်ပင် ဖစ်ပေါ်လာရသည်
YOU ARE READING
ဘိလပ်ပြန် မထား
Historical Fiction~နွေဦးယံ အဖူးအခက်ဆီ .. မြပန်းခွေမခူးရက်ပြီ... ရောင်ယှက်ဖြာသန်းတော့သည်.. ပန်းလိပ်ပြာ ရစ်ဝဲကာ နွဲကြပြီ...~~ ရှေးခေတ်ပြောရရင် ၁၉၆၀ခုနှစ်လောက်ကမြန်မာနိုင်ငံရဲ့အကြောင်းကို အမျိုးသမီး၂ယောက်နဲ့ဖော်ပြမှာပါ ၂၀၂၁ နဲ့ ၁၉၅၀ရဲ့ခြားနားမှုတေကိုမြင်ရမှာပါ အဓိက ကသီ...