part 3

362 40 2
                                    

'ဟို..ဒါဆိုဒီက မိန်းမပျိုက တကယ်ဘဲအနာဂတ်ကလူလား '
'ထားတို့နဲ့ဘဲနေပါ နေရာတခုထဲဆိုပေမယ့်မတူတာတွေအများကြီးဘဲလေကွယ် မိန်းမပျိုလေးတယောက်ကို ထား ဖြင့်စိတ်မချချင်ပါဘူး'
-------------------------
'ဒီမယ်အမိ ဘာတွေရေရွတ်နေတာလဲ'
မစိန်ဆိုသော အမကြီးက ဟန်သာ့ရဲ့ပုံစံကိုထူးဆန်းနေဟန်ဖြင့်မေးလာသည်
'ဟန်သာက ဒီကမဟုတ်ဘူး အဲ့တာကြောင့်ပါ'
လူက ဝမ်းနည်းလာလေပြီ ဘယ်ကနေဘယ်လို ဒီဘက်ခေတ်ရောက်နေတာလဲမသိ ဘယ်ကလူတေမှန်းလဲမသိ
'ဒီမှာ ကျွန်မအိမ်ရှေ့ထိတောင်ရောက်လာတာဘဲ အမိက ဒီကမဟုတ်ဘူးဆိုတော့ ဘယ်ကလဲ'
လူမှငိုချင်နေပါတယ်ဆို ဇွတ်ဘဲ အမတော်တို့က
'ဟန်သာက မန္တလေးက ကျုံးအရှေ့ နန်းရှေ့ဘက်မှာနေတာ'
'အမိပြောတာ နန်းတော်ရှေ့လား'
'ဟုတ် နန်းတော်ရှေ့ အဲ့မှာဈေးရှိတဲ့ဆီ အင့်'လူကထိန်းပြောရင်းကနေ ရှိုတ်သံကထွက်နေပြီ
'ဟယ်..အမိက ငိုနေတာဘဲ ဘာကိစ္စ မျက်ရည်ကျနေရတာတုန်း '
ဟန်သာ စကားပင်မပြောနိုင် ငိုချင်တာဘဲသိသည်
'မငိုနဲ့လေ ဘယ်မှာနေတာလဲအတိအကျပြောဦး အဲ့မှ အိမ်လိုက်ပို့ပေးလို့ရမှာပေါ့'
ရုတ်တရတ် ထိုအမျိုးသမီးက ဟန်သာဘေးဝင်ထိုင်ကာ ပုခုံးတို့ကိုကိုင်ပြီးမေးသည်
'အင့်.အိမ်ကရှိမှာမဟုတ်ဘူး '
'အဲ့မှာနေရင်ရှိမှာပေါ့ အိမ်က
မစိန် ရေလေးတစ်ခွက်ခပ်ခဲ့ပေးဦး'ဟန်သာ့ကိုပြောနေရင်းပင် မစိန်ကိုရေသွားယူဖို့မှာသည်
မစိန်ကတော့ ရေယူရန် အခန်းအပြင်ထွက်သွားသည်
'ဟန်သာက ဒီဘက်ခေတ်ကမဟုတ်ဘူး ဟို ၂၀၂၀ခုနှစ်က'
'ဘယ်လို ၂၀၂၀'
သူမမျက်ဝန်းထဲမှာ ရှုပ်ထွေးမှု အံ့သြမှု
တို့ကိုတွေ့ရသည်
'တကယ်၂၀၂၀ကပါ ဘယ်လိုသက်သေပြရမလဲကိုမသိဘူး'
'မြွေဆိပ်ကပြင်းလို့ထင်တယ် ခနနားလိုက်ပါဦး ဆရာဝန်ထပ်ပင့်ပေးမယ်'
ထိုအမျိုးသမီးက ခုတင်ပေါ်က ထပြီး တဖက်သို့လှည့်သွားသည်
'မမထား ရေရပြီ '
'သူ့ကိုသေချာတိုက်လိုက်ဦး မစိန် ၂၄နာရီကျော်ပြီဆိုတော့ရေတော့တိုက်ရပါပြီ'
'ဟုတ်'
ထိုအမျိုးသမီးက အခန်းတံခါးဝတောင်ရောက်နှင့်နေပြီ
'ဟန်သာတကယ်ပြောတာ မယုံရင်အနာဂတ်မှာဖစ်လာမယ့်ဟာတွေကိုပြောပြပါ့မယ်'
အခန်းအပြင်ဘက်လှမ်းနေတဲ့သနပ်ခါးအပြည့်နဲ့ခြေထောက်ဖွေးဖွေးလေးက ခနတော့တန့်သွားသည်
'ဟန်သာ သက်သာရင်ကျွန်မ လာမေးပါ့မယ်'
နားထောင်လို့သိပ်ကောင်းတယ်
ထိုအမျိုးသမီးရဲ့နှုတ်ခမ်းပါးဆီက
ထွက်ကျလာတဲ့ ကျွန်မရဲ့အမည်နှာမလေး
'ရေလေးသောက်ပါဦး'
'ဟုတ်'
ရေသောက်ပြီးတော့ မစိန်ဆိုသည့်အမကိုသူမသိချင်တာမေးရမယ်
'မစိန် ဟိုလေ'
မစိန်ကပြောပါဟူသည့်ပုံစံမျိုး မေးဆတ်ပြသည်
'ဒီနေရာကဘယ်နေရာလဲဟင် ရပ်ကွက်ကိုမေးတာ'
'ယပ်တန်းဘက်လေ ကျုံးအရှေ့ဘက်ဘဲ ဒီကအမိပြောတဲ့ နန်းရှေ့စျေး တောင်ဘက် ကျုပ်တို့က'
'စျေးကရှိလားဟင် '
'ရှိပါတယ် ပုံကျစျေးပေါ့ အချိန်ပြည့်က ဆရာစံစျေးဘဲရှိတာ.....
ဒါနဲ့တကယ်ကြီးဒီကမဟုတ်ဘူးလား'
'ဟန်သာလဲ မယုံချင်ဘူး ငြင်းလို့မှမရတာကို'
'နာမည်က ဟန်သာဘဲလား'
'ဟုတ် နှစ်လုံးတည်း'
'အစ်မနာမည်ကမစိန်ပု ခုနက မမထားတဲ့ ဒီအိမ်မှာတော့ ကျုပ်တို့နှစ်ယောက်ဘဲရှိတယ် အနောက်ဘက်မှာမြင်းတကောင်မွေးထားတယ် ဒါပါဘဲ'
'မြင်းကိုအိမ်မှာမွေးတာ ဘာလုပ်ဖို့'
'သွားရေးလာရေးလေ မြင်းမွေးထားတော့လှည်းတပ်ပြီးစီးသွားရုံဘဲ'
'လန်ချားတေဘာတေမရှိဘူးလား တကယ်ဆိုပေါ်နေပါပြီ ဒီချိန်'
'လန်ချားကရှိပါတယ် မမထားက ဆွဲတဲ့ဘာဘူကို သနားလို့တဲ့ '
'သူကလဲ မြင်းလဲဆွဲရတာဘဲကို မြင်းကျ မသနားဘူး'
'ဟုတ်ပါ့ ခနနားလိုက်ဦး ဆန်ပြုတ်လုပ်ထားတယ် မစိန်လာပို့မယ်'
'ဟုတ် ရတယ် မစိန်'

ဘိလပ်ပြန် မထားWhere stories live. Discover now