အပိုင်း နှစ်

597 82 6
                                    

နေကအတော်ပင်မြင့်နေပြီ။ ညတုန်းက သက်ဆင်းခဲ့တဲ့နှင်းတွေက အိမ်ခေါင်မိုးတွေအပေါ်၊ လမ်းတွေအပေါ်၊ ြခံစည်ရိုးတွေအပေါ်၊ မြက်ခင်းပြင်တွေအပေါ်မှာ ဖွေးဖွေးလှုပ်လို့။

အုပ်အုပ်ကြွပ်ညံနေတဲ့အသံတို့ကြောင့် အောက်ထပ်ကိုဆင်းလာခဲ့တော့ ဧည့်ခန်းထဲမှာစုကာထိုင်လျက်ယောက်ယက်ခတ်နေတဲ့လူအုပ်က ဂျီမင်းကို‌ေကြာင်ကာကြည့်လာ၏။

တက္ကသိုလ်ကျောင်းအဆောင်အတူနေ.နေသည့်တစ်‌ေလျှာက်လုံး သူ့ထပ်ဘယ်သောအခါမှ စောကာနိုးနေလေ့တောင်မရှိသည့် ထယ်ယောင်းပင်လျှင် ထူးထူးဆန်းဆန်း ထိုလူအုပ်ထဲ၌ရှိနေလေသည်။

အိမ်အပေါ်ထပ်မှဆင်းလာကတည်းက မျက်နှာစိမ်းလူတွေက ဘယ်တုန်းကမှ မမြင်ဖူးသည့်အရာတစ်ခုအလား ဂျီမင်းကိုကြည့်သည်။ ဂျီမင်းအတွက်တော့ အဲ့ဒီ့လူတွေကြားထဲမှာမှ အပြည့်အဝနိုးခြင်းမရှိသေးပုံရသည့် အရိပ်လေးတစ်ခုတည်းကသာ သူ့စိတ်အာရုံအလုံးစုံကိုဖမ်းစားနိုင်သည်။

အိပ်ရာနိုးစမို့ထင့် ဖြီးသင်ထားခြင်းမရှိသော ဖွာလန်ကြဲဆံစတွေနဲ့ လူအုပ်ကြားကျုံ့ကျုံ့လေးထိုင်နေရှာတဲ့ ယွန်းဂီက တစ်သက်တာလံုးမြတ်နိုးပစ်ချင်စရာ။ ဆောင်းရဲ့အ‌ေအးဒဏ်‌ကြောင့် နီရဲရဲလေးြဖစ်နေတဲ့ အဲ့ဒီ့အမျိုးသားရဲ့ပါးမို့မို့တွေကြားလည်း ဂျီမင်းရဲ့နှာဖျားကိုနစ်မွန်းပစ်ဖူးချင်သည်။

"လိုက်ခဲ့အုံး"

ထယ်ယောင်းက လှေကားရင်းမှာမတ်တပ်ရပ်လျက်ရှိနေဆဲ ဂျီမင်းကိုအသာလက်ဆွဲကာ အိမ်နောက်ထမင်းစားခန်းသို့ခေါ်သွားသည်။

"ပြောဖို့မေ့နေခဲ့တာ"

"ဘာကို"

"နောက်တစ်ပတ်‌ေလာက်နေရင် အစ်ကိုယွန်းဂီရဲ့လက်ထပ်ပွဲရှိတယ်"

"ဪ...."

စောစောကအထိ နွေးနေ‌ေသးတဲ့အိမ်ရဲ့ဘွိုင်လာက ရုတ်တရက်ကြီး ပေါက်ကွဲကာထလောင်တော့မည့်အတိုင်းနဲ့ ချက်ချင်းကြီးကို သည်ရပ်ဝန်းတစ်ခုလုံး ပူလောင်လာလိုက်တာများ။ ဒါလက်ထပ်ဖို့အတွက် နှစ်ဖက်မိဘတေွတိုင်ပင်ပွဲပေါ့။

ᴏɴʟʏ ᴡᴇ ᴋɴᴏᴡ / ᴄ / Where stories live. Discover now