ယောင်းနမ်ခရိုင်(Yeongnam)၊ ဒယ်ဂူးမြို့(Daegu) အစွန်မှာရှိတဲ့ တောင်တန်းဒေသနယ်မြို့ေလးဟာ သိပ်သည်းလွန်းတဲ့ဆောင်းကြောင့် လေးမျက်နှာခွင်လုံး နှင်းထုတို့နဲ့ဖွေးဖွေးလှုပ်လို့ေန၏။
နေရောင်ေဖျာ့ဖျော့က သည်အရပ်မှာပွင့်လာခဲ့ပေမဲ့ ညဉ့်ဦးရဲ့နှင်းမှုန်ေတွေကြာင့် မြေဝါရောင်ကားလမ်းငယ်လေးဟာ ငွေရောင်တလက်လက်တောက်နေသယောင်။ မကျဉ်းမကျယ်ကားလမ်းနံဘေးတွေမှာတော့ အဖြူရောင်နှင်းထုတို့က မျက်စိတစ်ဆုံးနေရာယူသည်။
ဘတ်စ်ကားဟာ တရွေ့ရွေ့။ ြဖတ်တိုက်လာတဲ့လေက နေရာအနှံ့ကနှင်းတွေရဲ့ အအေးဓာတ်ကို သယ်ဆောင်လာသလားဟုပင် ထင်ရသည်။
ထောင့်မှာထိုင်ပြီး ဘေးတံခါးဖွင့်ထားမိရာ မောင်းနေတဲ့အရှိန်ကြောင့်ရော၊ တိုက်လာတဲ့လေအေးကြောင့်ရော လူကခေါင်းပင် ကိုက်ချင်လာသလို။ ဝတ်ထားတဲ့အနွေးထည်ထူထူထဲတိုးလို့ ပိုကာကိုယ်ကိုကျုံ့မိလိုက်သည်။
နှင်းခဲတို့အထပ်ထပ်ဖုံးတဲ့ဒေသရဲ့ ရာသီဥတုက အနွေးထည်ထူထူဝတ်ထားတာတောင်မလုံလောက်နိုင်ပဲရှိရာ တချက်ချက်ဆို ကျောရိုးေတွဆီကနေတောင် အအေးဒဏ်ကို ခံစားရသည်။
အချိန်အတော်ကြာအောင် ဘေးအိပ်ကပ်ေတွထဲထည့်ကာကိုင်ထားမိခဲ့၍ လက်ထဲကအနွေးအိတ်ထုပ်လေးေတွရဲ့ အနွေးဓာတ်ကလည်း ပျောက်လုပြီ။
"စားအုံးမလား ဂျီမင်း"
ကြက်ဥပြုတ်တွေ....။ ခရီးသွားလို့ ဆာလောင်နေတဲ့အချိန်ဆို အဆာပြေဖို့အတွက် ကြက်ဥပြုတ်ကသာအသင့်တော်ဆုံး။
ထယ်ယောင်းကမ်းပေးလာတဲ့ ကြက်ဥပြုတ်လေးေတွက ြကွပ်ကြွပ်အိတ်ဖြူထဲစုထည့်လို့ အနွေးထည်ထူထူအောက်မှာ သေချာရှိေနခဲ့ပုံရသည်။ မသေးလှတဲ့ အအေးလေအောက်မှာတောင် နွေးေတးေတးေလးေတွဖြစ်နေတုန်း။
နှစ်လုံး၊ သုံးလုံးလောက်ကိုအခွံတွေသေချာနွှာလို့ ပါးစပ်ထဲပစ်ထည့်လိုက်သည်။
ဟောင်းလောင်းြဖစ်နေခဲ့တဲ့ဗိုက်ဟာ အခုမှလိုတာရသွားသလို။ ကြက်ဥလေးတွေရဲ့ အနွေးဓာတ်ကလည်း အစာအိမ်ဆီကနေ အခြားကိုယ်အစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားသလို။
ESTÁS LEYENDO
ᴏɴʟʏ ᴡᴇ ᴋɴᴏᴡ / ᴄ /
Fanficနောက်ကျပြီးသား ေြခလှမ်းတို့ကို ဘယ်ဆီဦးတည်လို့ လှမ်းရပါ့မည်လဲ။ ယွန်းဂီရဲ့ညာဘက်လက်သူကြွယ်က ငွေရောင်လက်စွပ်လှလှလေးဟာ ဂျီမင်းရဲ့ပျက်သုန်းရာ။ 17th November 21- 2nd March 22 MYG×PJM Unicode+Zawgyi