နောက်နှစ်ရက်...နောက်နှစ်ရက်လောက်နေရင် ယွန်းဂီလက်ထပ်ရတော့မှာ။ ဘယ်အချိန်မှန်းမသိပေမဲ့ ဂျီမင်းကသူ့လက်ထပ်ပွဲမတိုင်ခင်မှာပဲ ပြန်ဖို့ကို အသေအချာဆုံးဖြတ်ထားမှန်း ယွန်းဂီသိသည်။
ယွန်းဂီကိုယ်တိုင်ကလည်း သူ့လက်ထပ်ပွဲမှာ ဂျီမင်းကိုမရှိစေချင်တာမို့လို့ ပျော်စရာဖြစ်သလို တစ်ဖက်လှည့်နဲ့ တကယ်ဝေးရတော့မဲ့ တွေ့ဆုံမှုတစ်ခုအတွက်ရင်နာရတာပါပဲ။
ခုနေတဲ့လည်ေချာင်းထဲကအစိုင်အခဲေကြာင့် အသက်ကိုခပ်ပြင်းပြင်းရှိုက်သွင်းမိသည်။ ရင်ထဲကအပူမီးကိုအေးလွန်းလှပါတယ်ဆိုတဲ့
ဒယ်ဂူးရဲ့ဆောင်းတောင် မကူနိုင်မကယ်နိုင်။ဂျီမင်းကလည်း သူ့ကိုထားခဲ့မှာသေချာနေတဲ့သူ။ သူကလည်းဒီ့ထပ်ပိုဖမ်းမဆွဲထားရက်တဲ့သူ။ ကျောက်ကမ်းပါးအစွန်းမှာ ရပ်နေပြီးကြတဲ့သူတွေက အဲ့အစွန်းကနေခုန်ချပစ်တာ ဒါမှမဟုတ် နောက်လှည့်ပြန်တာအပြင် ဘာတွေများတတ်နိုင်ကြသေးလို့။
ထားခဲ့မဲ့သူအတွက် ယွန်းဂီကလိုလိုလားလားနဲ့နေရစ်ေပးခဲ့ရမှာအပြင် သူ့မှာအခြားရူးမိုက်ခွင့်တို့ရှိအုံးမည်လား။
ဒီအမှတ်တရဆန်တဲ့အချစ်ေတွ၊ ရတဲ့အချိန်အတွင်းမှာပေးနိုင်သမျှမေတ္တာတွေပေးနိုင်ဖို့အတွက် ကောင်လေးနဲ့တော့ ရှိသမျှအချိန်အားလုံးကို အတူကုန်ဆုံးပစ်ဖို့ ရည်မှန်းထားသည်။
"ယွန်းဂီ"
အပြင်အတူသွားဖို့အတွက် ဧည့်ခန်းမှာဂျီမင်းကိုစောင့်နေတုန်းမှာ ဂါအင်းနဲ့ဆုံသည်။ ချိုင့်တစ်ခုကိုကိုင်လာပုံအရ ဒေါ်လေးကတစ်ခုခုပို့ခိုင်းလိုက်သည့်ဟန်။
"မေမေကအိမ်မှာနင်တို့တွေပဲရှိမှာဆိုပြီး ဟင်းလာပို့ခိုင်းလို့"
မီးဖိုချောင်ဆီကိုလျှောက်လို့ ချိုင့်ကိုစားပွဲပေါ်တင်သည်။ ဂါအင်းကပဲဆက်ပြီး ချိုင့်ကဟင်းတွေကို ပန်းကန်လုံးအလွတ်တွေထဲေသေသသပ်သပ်ပြောင်းထည့်သည်။
ဒီနယ်မြို့လေးမှာ အတူမွေးဖွားလာကြတဲ့ တစ်ယောက်အတွက်တစ်ယောက်ဖြစ်တည်မှုတွေ၊ နှစ်အတော်ကြာငယ်သူငယ်ချင်းသံယောဇဉ်နဲ့ခင်မင်မှုတွေ။
ESTÁS LEYENDO
ᴏɴʟʏ ᴡᴇ ᴋɴᴏᴡ / ᴄ /
Fanficနောက်ကျပြီးသား ေြခလှမ်းတို့ကို ဘယ်ဆီဦးတည်လို့ လှမ်းရပါ့မည်လဲ။ ယွန်းဂီရဲ့ညာဘက်လက်သူကြွယ်က ငွေရောင်လက်စွပ်လှလှလေးဟာ ဂျီမင်းရဲ့ပျက်သုန်းရာ။ 17th November 21- 2nd March 22 MYG×PJM Unicode+Zawgyi