အဲ့တုန်းက ကျွန်တော်သာ သူမကို အတင်းခေါ်မလာခဲ့ဘူးဆိုရင်
သူမကို Australia သွားခွင့်ပြုလိုက်မယ်ဆိုရင်
သူမဆုံးဖြတ်ချက်ကို လက်ခံခဲ့မယ်ဆိုရင် ကျွန်တော် ဒီလောက်ထိ နာကျင်ခံစားနေရမှာ မဟုတ်ဘူး ကျွန်တော်ချစ်တဲ့ မိန်းကလေး ကျွန့်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှု အတ္တကြီးမှုတွေကြောင့် ဝေဒနာခံစားနေရတာ ကျွန်တော် မကြည့်ရက်ဘူး ကျွန်တော့်ကို ကျွန်တော်လည်း အရမ်းမုန်းတယ် အရမ်းလည်း နာကျည်းတယ် .ခုနေ အလိုချင်ဆုံး တောင်းဆုက သူ့မှတ်ညဏ်တစ်နေရာရာလောက်မှာပဲဖြစ်ဖြစ် sehun ဆိုတဲ့ အတ္တသမားကျွန်တော့်ကိုသာ နေရာပေးမယ်ဆိုရင် ကျွန်တော် သေဆိုတောင် ပျော်ပျော်ကြီး သေရဲပါပြီဗျာ…………
sehun လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ကြေကွဲဝမ်းနည်းမှုတွေ နောင်တတွေနဲ့ တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထောင့်တစ်နေရာတွင် သူ၏ diary စာအုပ်လေးကို ရင်ဖွင့်နေလေသည်……
ထိုနေ့လေးပေါ့ သူမနဲ့စတွေ့ခဲ့တာ ပြန်တွေးတိုင်း မနေ့တနေ့ကလိုပါပဲ :(
Flashback!!
ထိုနေ့က ရာသီဥတုသာယာသည်။ luluတစ်ယောက် အိပ်ကောင်းကောင်းနဲ့ အိပ်နေလိုက်တာ သူ့အမေ လာနိုးမှ ထလာသည် နာရီကြည့်လိုက်တော့ 7:50 .
OMG ကျောင်းနောက်ကျတော့မယ် 10 min ပဲလိုတော့တယ် အဲ့တော့မှ အမြန်ပြင်ဆင်ပြီး
အမေရေ သမီး ကျောင်းသွားတော့မယ်နော် bye
ဟဲ့ မနက်စာလေး ဘာလေး စာသွားဦးလေ ဟိုရောက်ရင် ဆာနေဦးမယ်
တော်ပြီ အမေ သမီး နောက်ကျနေလို့ သွားပြီ တာ့တာ
ဟဲ့ဟဲ့ နေဦး
သူမ အမေလှမ်းခေါ်နေသော်လည်း luluတစ်ယောက် မကြားတော့ အိမ်ရှေ့တွင် ရပ်ထားသော စက်ဘီးလေးကို တရကြမ်းနင်း၍ ကျောင်းကို ကမမ်းကတန်း နင်းလာတော့သည်………
လမ်းတွင် ကောင်လေးတစ်ယောက် earphone လေးတပ်ပြီး သီချင်းညည်းကာ ကျောင်းသို့ အေးဆေးငြိမ့်ညောင်းကာ လာနေသည်
နောက်မှ စက်ဘီးနဲ့ လာနေသော lulu က bell တီးသော်လည်း မကြား lulu လည်း bell တီး၍မရသောကြောင့် ထိုကောင်လေးကို ရှောင်လိုက်သည် .ကံမကောင်းချင်တော့ စက်ဘီးက အရှိန်လွန်ပြီး မြောင်းထဲ ပြုတ်ကျသွားတယ် luluကျောင်းဝတ်စုံတွေလည်း ညစ်ပတ်ကုန်ပြီ ကျောင်းက နောက်ကျနေတဲ့အထဲ ခုလိုဖြစ်သွားတော့ lulu တို့ အကြီးအကျယ် ပေါက်ကွဲပြီး ကောင်လေးဆီ သွားတယ်
YOU ARE READING
Love is in ur heart,not in memory!
FanfictionHunhan fanfic written by hunnie lisa ဒီ Fic လေးကို facebook မှာ အဆုံးထိ တင်ပီးသားပါ တော်တော်လေး ကြာနေပါပီ ခုမှ wattpad မှာပြန်တင်တာပါ Hope u r willing to enjoy my fic! And also vote for me plss( hee as u like) Thanks indeed for all readers