Part_4

900 82 0
                                    

lulu:ငါ ငါလည်း နင့်ကို ချစ်ပါတယ် ဒါပေမဲ့ ငါနင့်နောက်ကို မလိုက်နိုင်သေးဘူး ငါတို့က ငယ်သေးတယ်လေ ပညာလည်း မစုံသေးဘူး ပြီးတော့ ငါ့မိဘတွေကိုလည်း ငါ့ကြောင့်စိတ်ဆင်းမရဲစေချင်ဘူးဟာ ငါလည်း နင်နဲ့ထပ်တူခံစားရပါတယ် ဒါပေမဲ့ စိတ်ရှိတိုင်း လျှောက်လုပ်ရင် နင်ရော ငါရော ဒုက္ခရောက်မှာ!

sehun:နင် ငါ့ကိုမှ မယုံတာ ငါချစ်သလောက်မှ ငါ့ကိုပြန်မချစ်တာ အဲ့ဒါကြောင့် နင်ငါနဲ့ ခွဲနိုင်တာပေါ့

lulu:မဟုတ်ဘူး sehun ငါနင့်ကိုချစ်နေတာ ကြာပြီ နင်ဖွင့်ပြောတာကို စောင့်နေခဲ့တာ ခုဟာကလည်း နင့်ကို မယုံလို့မဟုတ်ဘူးလေ ငါတို့ ကျောင်းပြီးလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီဆိုရင် တူတူလက်တွဲလို့ရပြီလေ တစ်သက်လုံး တူတူနေရဖို့ အတွက်ခဏလေးခွဲရတယ်လို့ သဘောထားပါဟာ

sehun မျက်နှာမှာ မျက်ရည်တွေ စိုနေသလို ရင်ဘက်ထဲမှာလည်း မီးတောက်နေပြီ သူ lulu ပြောတာကို လက်မခံချင်ဘူး စိတ်ထဲမှာလည်း အရမ်းမွန်းကြပ်နေပြီ sehun:ငါ သွားတော့မယ်ဟာ !!ဆိုပြီး ချက်ချင်းကြီးကို ထပြန်သွားတယ် မျက်နှာလည်း မကောင်းဘူး

lulu လည်းမျက်ရည်စတွေကို ထိန်းနိုင်သမျှ ထိန်းထားရတယ် "sehun sehun ဘာလို့ချက်ချင်းထပြန်သွားတာလဲ ငါ့ကိုစိတ်ဆိုးသွားတာလား" lulu လှမ်းခေါ်နေပေမဲ့လည်း sehun လှည့်မကြည့်!

lulu's pov: sehun ရယ် နင်ချစ်တာထက် မပိုရင်တောင်မှ မလျှော့နိုင်ဘူးနိုင်တာ ငါကိုယ်ငါသိတယ် ငါလည်းနင်နဲ့ မခွဲနိုင်ဘူး နင့်နောက်ကို လိုက်ချင်တာပေါ့ဟာ ခုလိုပြောလိုက်ရလို့လည်း ငါ့ရင်ထဲမှာ ဘယ်လောက်တောင် ခံစားနေရမလဲဆိုတာ နင်မှမသိတာ ငါ့ကိုခွင့်လွှတ်ပါဟာ :(

ညနေစောင်းတော့ lulu လည်း သူ့သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်ပြီးလို့ အိမ်ကိုပြန်လာခဲ့တယ် ဘယ်လောက်တောင် ငိုထားလည်းဆို မျက်လုံးလေးတွေ မို့အစ်ပြီး နီရဲနေတာပဲ

lulu oma က သူ့သမီးကို တွေ့တော့ "သမီးရယ် ခဏသွားနားလိုက်ပါလား သမီးကြည့်ရတာ နေမကောင်းချင်သလိုပဲ အရမ်းကြီးလည်း မခံစားပါနဲ့ ကြာရင် အချိန်က ကုစားသွားမှာပါကွယ်

Love is in ur heart,not in memory!Where stories live. Discover now