Part_3

840 77 0
                                    

sehun-omo!luluဘာဖြစ်တာလဲ ငါ့ကိုပြော နင့်ကိုဘယ်သူအနိုင်ကျင့်လိုက်လို့လဲ ဘယ်သူက ရိုက်လိုက်လို့လဲ နင့်အမေဆူလို့လား sehun တစ်ယောက် မျက်ရည်စတွေစို့နေတဲ့ luluမျက်ဝန်းလေးကိုကြည့်ပြီး အရမ်းစိုးရိမ်သွားတယ်

lulu ဆိုတဲ့ ကောင်မလေးက တော်ရုံကိစ္စဆို အလွယ်တကူငိုတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူး ဆိုတာ sehun သိတာပေါ့

luluကဘာမှပြန်မပြောဘူး sehun မျက်နှာကို သေချာစိုက်ကြည့်ပြီး အသံပြဲကြီးနဲ့ အော်ငိုလိုက်တယ်

"lulu နင်ဘာလို့ငိုတာလဲ ငါ့ကိုလည်းပြောလေဟာ ငါစိတ်ပူလာပြီ ပြောပြပါဟာ ငါကူညီလို့ရရင် မဖြစ်ဖြစ်အောင် ကူညီမယ် ငိုတော့မငိုပါနဲ့ဟာ နင်ငိုရင် ငါ့ရင်ထဲမှာ တစ်ဆစ်ဆစ်နဲ့ အရမ်းနာကျင်ရတယ်

lulu တစ်ယောက် ငိုနေတဲ့ မျက်ရည်တွေကို အံတုရင်း စကားလေးတစ်ခွန်း တိုးတိုးသဲ့သဲ့လေး ပြောလိုက်တယ်

"ငါ ငါတစ်ခုလောက်မေးချင်လို့ ဖြေပေးနိုင်မလား" မေးလိုက်တဲ့ lulu အသံက အရမ်းကြေကွဲနေပုံပေါက်နေတယ်

sehun-"inn မေးလေ ငါဘာမဆိုဖြေမယ်

lulu-ငါ ငါလေ  နင့်အနားမှာ မရှိတော့ရင် နင်ငါ့ကို မေ့သွားမှာလားဟင် "luluတစ်ယောက် တုန်ရီနေတဲ့ အသံလေးနဲ့ မဝံ့မရဲ မေးလိုက်တယ် မျက်ရည်တွေကလည်း တစ်ရဆက် စီးဆင်းနေတယ်

sehun က "ဘာလို့လဲ နင်ကဘာလို့ငါ့အနားမှာ မရှိရတော့မှာလဲ ဘာလို့အဲ့လိုမေးတာလဲ ပြောပါဟာ ငါ့ကိုစိတ်ပူအောင် မလုပ်ပါနဲ့ lulu ရယ်"

lulu မငိုဘူးလို့အားတင်းလေ မျက်ရည်တွေ အဆီးအတားမဲ့စွာ ပိုကျနေလေ  lulu တစ်ယောက် မပြောချင်လည်း ပြောရတော့မယ် သူ sehun အနားမှာနေချင်ပေမဲ့လည်း အခြေအနေက ဝေးဖို့ဖြစ်လာပြီလေ

"ငါ ငါ့အဖေ နိုင်ငံခြားက ပြန်ရောက်လာပြီ သူပြန်လာတာ ငါနဲ့ အမေ့ကို လာခေါ်တာ ငါတို့ Australia ကို လိုက်သွားရတော့မယ် ကျောင်းလည်းဟိုမှာပဲ တက်ရမှာ visa တွေ passport တွေလုပ်ဖို့ အချိန် တစ်လရသေးတယ် ပြီးတာနဲ့ ဟိုမှာပဲ အခြေချရတော့မှာဟ :'(

sehun တစ်ယောက်လည်း သူမထင်မှတ်ထားခဲ့ဘူး တစ်ခါမှ မတွေးဖူးထားတဲ့ သူမနဲ့ခွဲခွာရတော့မယ် ဆိုတဲ့ အသိ . ဆောက်တည်ရာမရအောင် sehun ခံစားနေရတယ် ခေါင်းထဲမှာလည်း အတွေးပေါင်းများစွာနဲ့………………

Love is in ur heart,not in memory!Where stories live. Discover now