PSYCHO

1K 82 0
                                        

𝐔𝐧𝐢𝐜𝐨𝐝𝐞

Condo တစ်ခုရဲ့ကားပါကင်ထဲကို အကြမ်းပတမ်းဝင်လာတဲ့ အဆင့်မြင့်ကားအမဲတစ်စီး။ ​စတီယာတိုင်ကိုခပ်ကြမ်းကြမ်းလှည့်လိုက်ပြီး ပါကင်ထိုးလိုက်တော့ ချောမွတ်လှတဲ့ကြမ်းပြင်နဲ့ကားဘီးပွတ်တိုက်မှုကြောင့် ' ကျွီ ' ခနဲ အသံကသွားကြိမ်းစရာ။

ကားတံခါးကိုစောင့်ပိတ်လိုက်ပြီး ခြေသံပြင်းပြင်းနဲ့လျှောက်နေတဲ့ထိုလူ့ပုံစံက အမှန်တကယ်ဒေါသထွက်နေပုံပင် ။ ​နို့နှစ်ရောင်လိုဖြူဖွေးတဲ့အသားအရည်အပေါ်မှာ တစ်ကိုယ်လုံးနက်ဆွေးနေအောင်ဝတ်ထားတဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်။ မြင်သူတိုင်းလည်ပြန်ကြည့်ရအောင်အထိ ချောမောပေမယ့် ထိုလူ့ရင်ထဲကအပူကိုတော့ ဘယ်သူမှသတိထားမိပုံမပေါ်။

ဓာတ်လှေကားထဲကိုအမြန်ဝင်လိုက်ပြီး ၁၂လွှာမြှောက်နာပါတ်ကိုနိုပ်လိုက်တယ်။ သူနေတဲ့အထပ်ကိုရောက်တော့ ​အခန်းရှေ့ကိုအမြန်လျှောက်သွားလိုက်တယ်။ တံခါးကိုအကြမ်းအတမ်းဆွဲဖွင့်လိုက်ပြီး ပါးစပ်ကလည်းလူတစ်ယောက်နာမည်ကို ဒေါသတကြီးအော်ခေါ်လိုက်တယ်။

" ရှောင်းကျန့်...!!! "

" ဖြေးဖြေးပေါ့ baby ရယ်၊ ကိုယ်ဒီမှာရှိနေတာပဲကို "

" အခုဒါကိုရှင်း! ဘာပုံတွေလဲ ၊ ဘယ်လိုဖြစ်နေရတာလဲ!! "

ဖုန်းကိုထိုလူ့ထံကောက်ပေါက်ပြီး ပစ်ပေးလိုက်တယ်။ ဝမ်ရိပေါ်စိတ်တိုလွန်းလို့ သွေးကြောတွေပေါက်ထွက်မတက်ထောင်နေတယ်။ ဖုန်းထဲပုံမှာ ရှောင်းကျန့်က ကောင်မလေးတစ်ယောက်နဲ့ကလပ်မှာတွဲကနေတယ်။ ရှောင်းကျန့််ကသူ့ဘာသာသူလက်မြှောက်ပြီးကနေပုံပေါ်ပေမယ့် ထိုကောင်မလေးကတော့ သူ့လူ့ရင်ခွင်ထဲဝင်မတက်။

အဲ့ပုံကိုတွေ့တွေ့ချင်းတုန်းက ရိပေါ်ဒေါသထွက်လွန်းလို့ သင်တန်းကနေထထွက်လာတာ။ ရှောင်းကျန့်ကတော့ ဆိုဖာပေါ်မှာအေးဆေးထိုင်ပြီး ဝိုင်တောင်သောက်နေသေးတယ်။ အခုတောင် သူပြောတာကို ' ဘာတွေလာပြောနေတာလဲ ' ဆိုတဲ့အကြည့်နဲ့လာကြည်နေတာကြောင့် ထိုလူ့ကိုဆွဲဖြစ်ညှစ်ပစ်ချင်စိတ်တဖွားဖွား။

博君一肖石振德 || BJYXSZD ||Where stories live. Discover now