𝐔𝐧𝐢𝐜𝐨𝐝𝐞 𖠌
ဒီနေ့ကရှောင်းကျန့်ရဲ့အားလပ်ရက်မလို့ ကျိုးချန်နဲ့အပြင်သွားဖြစ်တယ်။ ကုန်တိုက်တစ်ခုအရှေ့ရောက်တော့ ကောင်မလေးတွေကအုံနေပြီး ဖုန်းနဲ့ဓာတ်ပုံတဖျက်ဖျက်ရိုက်နေတာတာကြောင့် ကျိုးချန်အနည်းငယ်စပ်စုလိုက်တယ်။ ထိုသူကိုမြင်တော့ကျိုးချန်အံ့သြသွားကာ လမ်းလျှောက်ရင်းဖုန်းသုံးနေတဲ့ရှောင်းကျန့်ကိုပုခုံးတိုက်ကာမေးတော့တယ်။
" ရှောင်းကျန့် အဲ့တာဝမ်ရိပေါ်မလား နာမည်တောင်ကြီးနေပြီ "
ရှောင်းကျန့်မော့ကြည့်လိုက်တော့ ကောင်မလေးတွေက ဝမ်ရိပေါ်နာမည်အော်ခေါ်ပြီးဓာတ်ပုံအတင်းရိုက်နေကြတယ်။ ဝမ်ရိပေါ်ကလည်း သူရှေ့မှာအုံနေတဲ့ကောင်မလေးတွေရဲ့ ခပ်လှမ်းလှမ်းမှာရပ်ကြည့်နေတဲ့ အရပ်ရှည်ရှည်နဲ့ကောင်လေးကသူ့ကိုခပ်ဆွေးဆွေးလှမ်းကြည့်နေတာကိုတွေ့လိုက်ရတယ်။ ရှောင်းကျန့်ဝမ်ရိပေါ်ကိုခပ်ဆွေးဆွေးကြည့်ကာဖွဖွလေးပြုံးပြီးတွေးမိလိုက်တယ်။
* သူနောက်ဆုံးတော့နာမည်ကြီးသွားပြီပဲ *
အတွေးတွေကလွန်ခဲ့အတိတ်ဆီသို့.......
ရှောင်းကျန့်တစ်ယောက် တံတားပေါ်မှာခံစားချက်တွေဖွင့်ထုတ်နေတယ်။
" ငါဘယ်တော့မှ ချမ်းသာမှာလဲ!!! "
ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ဘေးရောက်လာပြီး
" ငါဘယ်တော့မှ နာမည်ကြီးတစ်ယောက်ဖြစ်လာမှာလဲ!!! "
ရှောင်းကျန့်ကထပ်အော်တယ်
" ပိုက်ဆံရှာပြီး အဲ့ဒီနာမည်ကြီးကိုလက်ထပ်မယ်!!! "
ခံစားချက်တွေဖွင့်ထုတ်လို့ဝသွားမှတစ်ယောက်နဲ့တစ်ယောက် ပြုံးကာရယ်တော့တယ်။
ဘယ်သူမှမရှိတဲ့ကော်ဖီဆိုင်တစ်ဆိုင်မှာ ဝမ်ရိပေါ်ကစင်ပေါ်မှာသီချင်းတက်ဆိုနေပြီး ရှောင်းကျန့်ကအောက်မှာထိုင်ကာ ဝမ်ရိပေါ်ငေးရင်း ဝမ်ရိပေါ်ဆိုတဲ့သီချင်းတွေကိုနားထောင်တယ်။ * သူအဲ့လောက်ပါရမီပါတာ သေချာပေါက်နာမည်ကြီးမှာ * ဝမ်ရိပေါ်သီချင်းဆုံးတော့ ရှောင်းကျန့်ကဂုဏ်ပြုတဲ့အနေနဲ့ဝမ်းသာအားရလက်ခုပ်ကျယ်ကျယ်တီးပြီးအားပေးတယ်။
YOU ARE READING
博君一肖石振德 || BJYXSZD ||
Fanfiction𝚈𝚒𝚣𝚑𝚊𝚗 𝚏𝚒𝚌 シ︎ တချိူ့အပုဒ်လေးတွေကို Fb က Chinese short video လေးတွေကိုသဘောကျလို့ Yizhan version အဖြစ်ပြန်လည်ရေးထားတာဖြစ်ပါတယ်။ အဲ့တွက်လည်း 💢 Full Video Card ပါရှင့် 💢 ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ် တချို့အပုဒ်လေးတွေကို Fb က Chinese short v...
