ᴜɴɪᴄʟᴅᴇ𖠌
သဘာဝအလှတရားတွေထဲက သဘောကျတဲ့အရာတစ်ခုကို ပြောပြပါဆိုရင် နေဝင်ဆည်းဆာချိန်လို့ပဲပြောရမလား....။ ကျွန်တော့်ဘဝရဲ့အလှတရားကိုလည်း နေဝင်ဆည်းဆာချိန် ' ရှီ ' ဆိပ်ကမ်းမှာစတင်တွေ့ဆုံခဲ့တယ်။
ကျွန်တော့်နာမည် လျန်ချင်း။ ကျွန်တော်က photographer တစ်ယောက်။ သဘာဝရဲ့အလှတရားကို သဘောကျတဲ့လူတစ်ယောက်ပေါ့။ ကမ္ဘာအနှံ့လှည့်ပြီး သဘာဝရှုခင်းပုံလေးတွေ ၊ တိရိစ္ဆာန်လေးတွေကို ရိုက်ရတာ အရမ်းကြိုက်နှစ်သက်တယ်။ ကျွန်တော့်ရဲ့ပုံလေးတွေကို twitter မှာအမြဲတင်ဖြစ်တယ်။ လူတွေကလည်း ကျွန်တော့်ရဲ့ camera ရိုက်ချက်ကို အရမ်းသဘောကျတာကြောင့် nature Lan ဆိုပြီးနာမည်ကြီးတယ်။
ဒီနေ့တော့ ကျွန်တော် ' ရှီ ' ဆိပ်ကမ်းကိုသွားဖို့လုပ်ထားတယ်။ ' ရှီ ' ဆိပ်ကမ်းမှာ နေဝင်ချိန်ကြည့်ရတာ အရမ်းလှတယ်ဆိုပြီး အကြံပေးကြတာကြောင့် သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
သူတို့ပြောတဲ့ဆိပ်ကမ်းကိုရောက်တော့ တကယ်ကိုလှပတာပဲ။ ပုဇွန်ဆီရောင်သန်းနေတဲ့ကောင်းကင်ကြီးရယ်၊ မြစ်ထဲကိုတစ်ဝက်လောက်ဝင်နေပြီဖြစ်တဲ့ နေမင်းကြီးရယ် ၊ တဖြူးဖြူးတိုက်နေတဲ့ လေပြေလေးတွေရယ် ပြီးတော့ အိပ်တန်းတက်မယ့်ငှက်လေးတွေရယ် ။
လျန်ချင်း ထိုအလှတရားကြီးကိုတဝကြီးခံစားပြီးမှ မှတ်တမ်းတင်ဖို့ပြင်တော့တယ်။ကင်မရာကိုသေချာကိုင်လိုက်ပြီး မြင်ကွင်းကိုချိန်နေ ချိန်မှာပဲသူ့မြင်ကွင်းထဲကိုဝင်လာတဲ့လူတစ်ယောက်...
' ဒုတ် ဒုတ် ' ပထမဆုံးရင်ခုန်သံ ၊ အသက် ၂၅ နှစ်အတွင်းမှာ ပထဆုံးခုန်မိတဲ့နှလုံးသား၊ သူ့နှလုံးခုန်သွားတာကိုတောင် သတိမထားမိပဲ ထိုလူရဲ့အလှတရားမှာမေ့မျောသွားတယ်။
ခိုလေးတွေအစာကျွေးနေပြီး ခိုလေးတွေကလည်း သူ့အနားမှာပျော်ရွှင်စွာဝဲပျံနေတယ်။ ထိုလူကလည်း ငှက်လေးတွေကိုကြည့်ပြီး ကြည်ကြည်နူးနူးပြုံးနေတယ်။ ဂုတ်ထောက်ဆံပင်ပျော့ပျော့လေးတွေက လေတစ်ချက်ဝေ့သွားတိုင်း လွှင့်ပါသွားတဲ့ဆံနွယ်လေးတွေ ။ ကြည်လင်နေတဲ့အသားအရည်၊ နှုတ်ခမ်းရဲရဲလေးကပြုံးလိုက်တိုင်း ပေါ်လာတဲ့ယုန်သွားလေး၊ နှုတ်ခမ်းအောက်ကမှဲ့ထင်းထင်းလေးက ထိုလူရဲ့အလှကိုပိုပြီးမြင့်တင်ပေးနေသယောင်...
YOU ARE READING
博君一肖石振德 || BJYXSZD ||
Fanfic𝚈𝚒𝚣𝚑𝚊𝚗 𝚏𝚒𝚌 シ︎ တချိူ့အပုဒ်လေးတွေကို Fb က Chinese short video လေးတွေကိုသဘောကျလို့ Yizhan version အဖြစ်ပြန်လည်ရေးထားတာဖြစ်ပါတယ်။ အဲ့တွက်လည်း 💢 Full Video Card ပါရှင့် 💢 ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ် တချို့အပုဒ်လေးတွေကို Fb က Chinese short v...