Unicode
လူတွေ ရှုပ်ရှက်ခပ်ကာ က နေ ကြတဲ့ ဒီလိုကလပ်
မျိုးကို သူသာဆိုလျှင် စိတ်ပျော်စေဖို့ဘဲ ဖြစ်ဖြစ် အပန်းဖြေ ဖို့ဘဲ ဖြစ်ဖြစ် ဘယ်တော့မှ ရွေးချယ်မည်မဟုတ်။လူခြေတိတ်ဆိတ်ပြီး အေးအေးချမ်းချမ်းရှိတဲ့ နေရာ တစ်ခုကိုသာ သွားလိုက်မှာ။
အခုက မလာချင်လဲ မရသည့် အခြေနေတစ်ခုက ရှိနေပြန်၏။
မီးရောင်စုံတွေ အောက်မှာ က နေသည့် လူကို လှမ်းကြည့်မိတော့ ဘေးနားကနေ ပွတ်သီးပွတ်သတ် လုပ်နေသည့် ကောင်တစ်ကောင် ကိုပါ
မြင်ရတော့ အဆင်မပြေလှ။" အိမ်ပြန်ရအောင် "
က နေ သည့် သူ အနားကို လျှောက်သွားကာ ရလိုရငြား ခေါ်မိ၏။
" ဘာတွေ လာပြောနေတာလဲ ! "
သိတယ်! သူသိတယ် ဒီလိုမျိုး အပြောခံရမယ်ဆိုတာကို ။
လျစ်လျူမရှူနိုင်သည့် သူ စောက်ပြစ်သာ ။
" ပြန်ရအောင် ရှောင်းကျန့် "
" ဖယ် လွှတ် !! "
ရီပေါ်က ရှောင်းကျန့် ကို လူကြားထဲကနေ ခေါ်တော့ အတင်းလက်ကို လွှတ်ချလိုက်၏။
" ဒီ က ညီလေး ဘာလို့ ဘေဘီ့ကို အတင်းဆွဲခေါ်..."
ခွပ်
အနားကနေ မူးမူးရူးရူးနဲ့ လာပြောသည့် ကောင်ကို ဆွဲထိုးပစ်လိုက်၏။
ခုနထဲက သတ်ချင်နေတာ ။ ရှောင်းကျန့် နား ပွတ်သီးပွတ်သတ် လုပ်နေတည်းက ။ ရုပ်ကြည့်တော့ လူကြီးလူကောင်း ရုပ်နဲ့။
ဘာတဲ့ ဘေဘီ ဆိုပြီး ခေါ်လိုက်သေးတာ ။
ဖေလိုးမသား!
" အဆင်ပြေရဲ့လား အစ်ကို ၊ ဘာလုပ်လိုက်တာလဲ ဝမ်ရီပေါ်! ! "
ရှောင်းကျန့် က လဲကျသွားသည့် ထိုလူကို ဆွဲကာထူ၏။
ကလပ်ထဲက လူတွေကလဲ အခြေနေကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
" ဘာလုပ်လိုက်တာလဲ လို့ မေးနေတယ်လေ "
" သူက မင်း ကို ပွတ်သီးပွတ်သတ်..."