Unicode
လိုတာထက် ပိုပြီး စကားမပြောတဲ့သူက အခုမိန်းမတစ်ယောက်အတွက်နဲ့ သူ့ကိုအော်သည်တဲ့။
ဝမ်ရီပေါ် က တကယ်ဘဲ ဘာဖြစ်ချင်နေတာလဲ။
အခုလဲ မျက်စိပျက် မျက်နှာပျက်နှင့် ထိုမိန်းမအား အားနာစကားတွေ ပြောနေတဲ့ ဝမ်ရီပေါ်ကို
ကြည့်ပြီး ငိုချင်လာသည်။ဝမ်ရီပေါ် ဂရုစိုက်တာက သူတစ်ယောက်တည်း ဘဲ ဖြစ်ရမှာလေ။
ဘာလို့ အခုအခြားတစ်ယောက်တဲ့လဲ။
ရှောင်းကျန့် အံကြိတ်ကာ ထိုဆိုင်ထဲ ထွက်လာခဲ့၏။
ငါ့ကို လျစ်လျူရှူ့တဲ့ ဝမ်ရီပေါ် မင်း လုံးဝ ငါ့ကို အဲ့လို အချိုးမျိုး ထပ်ချိုးလို့ မရအောင် ငါလုပ်ပြမယ်။
---------
ဒေါက်...ဒေါက်...ဒေါက်...
အချိန်ကား လူသူအိပ်ချိန် ဖြစ်၏။
ဝမ်ရီပေါ်၏ တစ်ကိုယ်ရည် နေရာ အခန်းတံခါး လေးအား ခေါက်သံကြား၍ အအိပ်ဆတ်တတ်သည့် ဝမ်ရီပေါ် နိုးလာရ၏။
အခန်းတံခါးအား ဖွင့်လိုက်သည်နှင့် မျက်နှာလေးမဲ့ကာ နှုတ်ခမ်းအနည်းငယ် ဆူနေသည့် ရှောင်းကျန့် အား တွေ့ရ၏။
" ရှောင်းကျန့် ဘာလာလုပ်တာလဲ ဒီအချိန်ကြီး "
မူမမှန်သည့် ရှောင်းကျန့် ကြောင့် ရီပေါ် ခပ်တိုးတိုးမေးလိုက်၏။
အရင်ဆို ရှောင်းကျန့် က သူ့အခန်းကို လာဖို့နေနေသာသာ သူ့ကိုတောင် ကြည့်မရဖြစ်နေသည်မလား။
" ဝမ်ရီပေါ်... လူဆိုးကောင်! "
အသံအရ ရှောင်းကျန့် ဟာ သောက်ထားပုံရ၏။
ဒီကောင်လေး ကလပ်တွေ ခဏခဏ သွားလို့ သောက်တတ်နေတာ။
" ဟာ..ဟေ့...ဟေ့ !!"
ရှောင်းကျန့် က ဝမ်ရီပေါ်အား တွန်းကာ ရီပေါ်၏ အခန်းထဲသို့ တန်းကာဝင်သွား၏။
ပြီးလျှင် သူ့တစ်ယောက်အိပ် ကုတင်ကျည်းလေးပေါ်မှာ ထိုင်ကာ သူ့အား ရီဝေဝေနှင့် မော့ကြည့်နေ၏။
နေ့လည်ကမှ ဆိုင်က ကိစ္စ ကြောင့် သူ့ကို စိတ်ဆိုးပြီး ထွက်သွားတာပါ ။
အခုမှ ဘယ်လိုဖြစ်ပြီး ဒီပုံစံနဲ့ သူ့ဆီ ရောက်လာရတာလဲ။