အတိတ်သို့လည်ပြန်ကြည့်ခြင်း
"ချစ်ခြင်းရဲ့ ရေပြာအိုင်
ဥတုရာသီ သာယာကြည်ပြာတဲ့ နေ့တစ်နေ့မှာ တွေ့ခဲ့ပါသော လဲ့ကြည်အေးချမ်းတဲ့ ငါ့ရဲ့ ရေပြာအိုင်
လာပါ နားပါ လို့ ပူလောင်နွမ်းလျနေတဲ့ ငါ့ရဲ့ ဝိဥာဥ်ကို တစာစာအော်ခေါ်ခဲ့တဲ့ ငါ့ရဲ့ ရေပြာအိုင်
အချစ်ကို ရေပြာအိုင်နဲ့ ခိုင်းနှိုင်းမယ်
မင်း ဆိုတာ အေးချမ်းတဲ့ အိုအေစစ်လေး ဖြစ်မယ်
ရေစက်ဆိုတာ တို့နှစ်ယောက်ကြား ဆက်သွယ်ပေးတဲ့ အရာဖြစ်မယ်
အိမ်ပြန်ချိန်တွေတိုင်း ရေပြာအိုင်လေးကို ငေးမျှော်ကြည့်ရင်း တစ်နေ့တာကို ရေစက်လေးတွေကတစ်ဆင့် အိုအေစစ်ကလေး ကြားအောင် ရင်ဖွင့်ပြမယ်
ဒါပါ...ဒီလိုပါ... ငါချစ်တာ မင်းပါ ရေပြာအိုင်
ရေပြာအိုင်....
အချစ်ဟာ အပြာရောင် ရေကြည်အိုင်"
ကဗျာစာသားတွေရဲ့ အဆုံးသတ်အား လူထု၏ သြဘာလက်ခုပ်သံက လှပစွာအနားသပ်ပေးသည်။
"ဒီနှစ်ရဲ့ စာပေဆုကို ထိုက်တန်စွာရရှိသွားတာကတော့ ကျောင်းသား ဂျွန်ဂျောင်ကု ဖြစ်ပါတယ်"
ကျောင်းအုပ်ဆရာကြီး၏ စကားအဆုံးတွင် စတိတ်စင်ပေါ်သို့ တက်ရောက်ကာ စတုတ္ထမြောက် ဂုဏ်ပြုလက်မှတ်အား ချီးမြှင့်ခြင်းကို လက်ခံလိုက်ရသည်။
စာပေမေဂျာမှ ကျောင်းသား ဂျွန်ဂျောင်ကု၏ ဘဝသည် စကားလုံးလှလှများ စာလှပေလှများနှင့် ဝန်းရံကာ အရောင်စုံလေ့ရှိသည်။
ဂုဏ်ပြုလက်မှတ်ကို ယူပြီးသည့်အခါ ကျောင်းနောက်ဖက် တံခါးမှ အပြင်သို့ ထွက်လာလိုက်သည်။
လူများလျှင် ဂျွန်ဂျောင်ကုက စိတ်ရှုပ်တတ်သည်။
"ဆုထပ်ရခဲ့တာပဲ မောင် ဂုဏ်ပြုပါတယ်""
"အင်း ကျေးဇူးတင်ပါတယ်အကို"
ကျောင်းပြင်သို့ ထွက်လာရသည့် အကြောင်းအရင်းထဲတွင် အကိုက ထိပ်ဆုံးမှ ပါသည်။
YOU ARE READING
Beyond Forever || A Yoonkook Oneshot
Fiksi Penggemarမောင်ရေ ငါမင်းကို ထာဝရတွေရဲ့ အလွန် မျဥ်းပြိုင်တွေ ဆုံတဲ့အထိချစ်ပါတယ်ကွယ်