ဂရုစိုက်တတ်လာသည် ...မထီမဲ့မြင်ပြုတတ်လာသည်
ပိုင်ဆိုင်ချင်စိတ်များလာသည်...စွန့်လွှတ်ချင်စိတ်များလာသည်
တန်ဖိုးထားတတ်လာသည် ....လွှတ်ချတတ်လာသည်
ဒါတွေသည် အချစ်ကပေးသော ပြောင်းလဲမှုတို့ဖြစ်သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခေတ်ကာလ ပြောင်းလဲလာမှုကြောင့် နေထိုင်မှုနှင့် ဝတ်စားပုံတို့သည် ပြောင်းလဲလာသော်ငြားလည်း ဘုရင်စနစ်သည်ကား ကျန်ရှိနေသေးသည်
တစ်ပါးသောနိုင်ငံများကဲ့သို့ နိုင်ငံအုပ်ချုပ်မှုအပိုင်းအား စိတ်ကြိုက်ရွေးချယ်တင်မြောက်ခြင်း မပြုနိုင်ပဲ နန်းမွေနန်းလျာဆက်ခံခြင်းဟူသော အခေါ်အဝေါ်အောက်တွင် အိမ်ရှေ့စံအရာအပ်နှင်းခြင်း အခမ်းအနားသည် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေသည်...ရိုးရာဝတ်စုံကြီးများမဟုတ်တော့ပဲ ခေတ်ဆန်ဆန် ဝတ်စုံအပြည့်ဆိုသော်ငြားလည်း အကျီအနားသတ်တို့တွင် ဇာဒီဇိုင်းများဖြင့် ကွန့်ကာချုပ်ထားပြန်သေးသည်...
မိမိစတိုင် မဟုတ်သော အကျီများကို ကြည့်ကာ အိမ်ရှေ့စံအရိုက်အရာ ဆက်ခံရမည့် ဂျွန်းဂျောင်ကုသည် အကြိမ်မရေတွက်နိုင်အောင်ပင် သက်ပြင်းတို့ကို အခါခါ ချနေမိသည်
အမှန်ဆိုလျှင် ဝမ်းကွဲအကိုတော် တော်စပ်သူ မင်ယွန်းဂီနှင့် တိုင်းပြည်အပြင်ဘက်သို့ ခြေဆန့်ထွက်ချင်မိသေးသည်...
နိုင်ငံရဲ့ အပြင်ဘက်တွင် ဘာတွေရှိလည်း စူးစမ်းချင်သေးသည်... သူသည် သာမန်လူငယ်လေးများကဲ့သို့နေချင်မိသည်...သို့သော် ဘယ်သွားသွား ဘယ်လာလာ ကားအနက်ရောင်ကြီးစီးကာ လုံခြုံရေးအပြည့်နှင့် အပြင်ထွက်ရသောသူသည် ကျောင်းစာကိုပင် Private Room နှင့် သင်ကြားခဲ့ရသူဖြစ်သည်...
အကိုတော်မင်ယွန်းဂီ နန်းတော်သို့လာသည့်ရက်သည် သူ့အတွက် အပျော်ရဆုံးရက်ဖြစ်သည်...
အကိုတော်က ခြံကျော်ကာ အပြင်လောက ကို ပြသပေးလေ့ရှိသည်...
ထိုအကြောင်းအရာကိုသိသော မယ်တော်တို့ကပင် အကိုတော်အား နန်းတော်လာခွင့် ပိတ်ပင်ခဲ့ကြသည်...
ယနေ့တော့ အိမ်ရှေ့စံ ဘွဲ့ထူး အပ်နှင်းသည့်နေ့ဖြစ်သည့်အတွက် အကိုတော်ပါ ရောက်နေခဲ့လေသည်
YOU ARE READING
The Man I Love (Short Story) Complete
Fanfictionဂရုစိုက်တတ်လာသည် ...မထီမဲ့မြင်ပြုတတ်လာသည် ပိုင်ဆိုင်ချင်စိတ်များလာသည်...စွန့်လွှတ်ချင်စိတ်များလာသည် တန်ဖိုးထားတတ်လာသည် ....လွှတ်ချတတ်လာသည် ဒါတွေသည် အချစ်ကပေးသော ပြောင်းလဲမှုတို့ဖြစ်သည်