တောင်းဆုပြုလို့ ပြည့်ဝခဲ့ခြင်းမှာ ဒီတစ်ခါ ပထမဆုံးပဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~နန်းတော်အပြင်တွင်နေရသည်မှာ လွတ်လပ်သော်ငြားလည်း Mission ဟုဆိုရသည့် နယ်ဘက်များကိုပါ လေ့လာခြင်းသည်လည်း ပြီးဆုံးတိုင်အောင် လုပ်ရပေဦးမည်
လက်ရှိရောက်နေသော နေရာသည် အကိုတော်နှင့်အတူ Seoul မြို့ပေါ်တွင်မဟုတ်ပဲ ကမ်းစပ်ဒေသလေး ဂုန်ဂျင်သို့ ရောက်ရှိနေခဲ့သည်
တစ်နေရာတွင်တစ်ပတ်ခန့်နေကာ စီးပွားရေး လမ်းပန်းဆက်သွယ်ရေး စသည့် လိုအပ်ချက်များကို လေ့လာမှတ်သားရပြန်သည်
ကမ်းစပ်သောင်ပြင်တွင်ထိုင်ကာ လွန်ခဲ့သော သုံးလခန့်က အမှတ်မထင်တွေ့ခဲ့သည့် Model လေး ၏ သတင်းများအား ဖုန်းscreen အထက်အောင်ဆွဲကာ ထိုင်ကြည့်နေမိသည်
တသုန်သုန်တိုက်ခတ်သော လေများကြောင့် သဲတချို့ပင် မျက်လုံးအတွင်းသို့ တိုးဝင်လာကြသည်... လက်ခုံနှင့် ပွတ်ကာ အမြင်ကြည်စေရန် ပြုလုပ်နေစဥ်မှာတင် ပင်လယ်ပြင်အလယ်၌ ရေနတ်ဘုရား ပိုဆိုက်ဒွန်ကိုပင် တွေ့ရသကဲ့သို့ အသက်ရှုမှားခဲ့ရသည်....
တလိမ့်လိမ့်တက်လာသော လှိုင်းခုံးများပေါ်တွင် ဟန်ချက်ညီညီ ဘုတ်ပြားဖြင့် လှိုင်းစီးနေသော သူသည် အမြင်မမှားဘူးဆိုပါက phone screen ထက်တွင်ကြည့်နေမိသော Model ကောင်လေး ဂျင် ဖြစ်သည်...
ရှည်လျားသော အရပ်အမောင်း... တောင့်တင်းသော ခန္ဓာကိုယ်... စူးရှသော အကြည့်တို့သည် ဆားတို့ပင် ရေတွင်ပျော်ဝင်သကဲ့သို့ မိမိအား ပျော်ဝင်စေမိသည်
ဟန်ပါပါလှိုင်းစီးနေသော ကောင်လေးသည် ရုတ်တရက်ပင် နာကျင်မှုတစ်စုံတစ်ရာအားခံစားနေရသဖွယ် မြင်လိုက်ရသည်
ကမ်းစပ်သို့ပင် လက်ဖြင့်ပြန်လှော်ခတ်လာပြီးနောက် ဘုတ်ပြားနှင့် ခြေထောက်အားချည်ထားသော ကြိုးအား ဖြည်လိုက်သည်ထိုနေရာမှမရွေ့နိုင်ပဲ ခြေထောက်အားနှိပ်နယ်နေသော သူ့အား ကြည့်ပြီး မကူညီပဲမနေနိုင်
သူ့အနားသို့သွားကာ ပြုံးပြရင်းခြေထောက်လေးနားထိုင်လိုက်တော့ မော့ကြည့်လာတဲ့သူ
YOU ARE READING
The Man I Love (Short Story) Complete
Fanfictionဂရုစိုက်တတ်လာသည် ...မထီမဲ့မြင်ပြုတတ်လာသည် ပိုင်ဆိုင်ချင်စိတ်များလာသည်...စွန့်လွှတ်ချင်စိတ်များလာသည် တန်ဖိုးထားတတ်လာသည် ....လွှတ်ချတတ်လာသည် ဒါတွေသည် အချစ်ကပေးသော ပြောင်းလဲမှုတို့ဖြစ်သည်