ယနေ့ social media တွင် ပျံ့နှံလျက် ရှိသော သတင်းသည် အိမ်ရှေ့စံမင်းသားဂျွန်း နှင့် နာမည်ကြီး Model ဂျင် တို့၏ ဂုံဂျင်မှ အချစ်ရေးရာပုံများ ဖြစ်သည်
ဂျင်သည် ထိုသတင်းများကြောင့် Agency အခြေစိုက်ရုံးရှိရာ US သို့ပင် ရရာလေယာဥ်ဖြင့် ထွက်သွားရလေသည်
ကိုရီးယားတွင် ကျန်ခဲ့သော ဂျွန်းဂျောင်ကုသည်လည်း နန်းတော်မှပင် အခေါ်စေလွှတ်မှုကြောင့် နန်းတွင်းသို့ပင် ပြန်ရောက်ခဲ့ရသည်
"အိမ်ရှေ့စံဂျွန်း ရောက်ရှိနေပါပြီဘုရား"
အထိန်းတော်ကြီး၏ အသံပေးမှုကြောင့် အခန်းတွင်းရှိ ဘုရင်ကြီးအသံမှာ ခပ်မာမာ ပြန်ထွက်လာရသည်
"ဝင်လာခဲ့"
ခွင့်ပြုချက်ဖြင့် ဝင်ရောက်သွားသော် ဆိုဖာပေါ်တွင် ထိုင်နေလျက် ဒေါသမျက်ဝန်းများနှင့် မိခင်ဖြစ်သူ မိဘုရားကြီး
"ဂျွန်းဂျောင်ကု... မင်းကိစ္စ မင်းရှင်းစမ်း.. ဘာတွေလဲ... ဒီသတင်းတွေက ဘာတွေလဲ"
"အမှန်တွေပါ အဖေ... ကျနော်နဲ့သူ ချစ်သူတွေပါ... ပြီးတော့ သူ့ကို ကြင်ရာတော် မြောက်ဖို့ထိပါ စဥ်းစားထားပါတယ်"
"ဘာပြောတယ်... ကြင်ရာတော် ဟုတ်လား ဂျွန်ူဂျောင်ကု... နင်စိတ်မှ မှန်သေးရဲ့လား... သူက ယောကျာ်းလေးနော် "
ဝင်ပြောလာသည်က အမေဖြစ်သူပင်... ကြင်ရာတော်ဆိုသော စကားက တော်တော်ပင် တုန်လှုပ်သွားစေသည်ထင်သည်
"ယောကျာ်းလေးလည်း ကြင်ရာတော်တင်လို့ရတာပဲလေ.. ဒီဘက်ခေတ်မှာ ဒါတွေ ခွဲခြားနေစရာမှမလိုတာ"
"နင်သာ သာမန်လူဆိုရင် လိုချင်မှလိုမယ်... ဒါပေမယ့် သားတော် နင်က သာမန်လူမဟုတ်ဘူးလေ တိုင်းပြည်ရဲ့ အိမ်ရှေ့စံ... တစ်နေ့မှာ တိုင်းပြည်ကို အုပ်ချုပ်ရမယ့်သူဖြစ်လာမှာလေ... ပြီးတော့ အဲ့ကောင်လေးက ကပြားလေးမလား.... အလုပ်အကိုင်ကလည်း Model ဆိုတော့ ဘယ်မှာလဲ လက်ခံပေးစရာ အချက်"
"လက်ခံပေးစရာ အချက်က ကျနော်သူ့ကို ချစ်သလို သူလည်း ကျနော့်ကို ချစ်တယ် "
YOU ARE READING
The Man I Love (Short Story) Complete
Fanficဂရုစိုက်တတ်လာသည် ...မထီမဲ့မြင်ပြုတတ်လာသည် ပိုင်ဆိုင်ချင်စိတ်များလာသည်...စွန့်လွှတ်ချင်စိတ်များလာသည် တန်ဖိုးထားတတ်လာသည် ....လွှတ်ချတတ်လာသည် ဒါတွေသည် အချစ်ကပေးသော ပြောင်းလဲမှုတို့ဖြစ်သည်