Zawgyi
ကုမ္ပဏီ သုံးခု ပေါင်းပီး လုပ်မဲ့
Project ကို မိဘတွေက အင်း
လူကြီးတေက ကလေးသုံးယောက်ကို
လုပ်စေချင်နေကြသည်...သူတို့ကို မိဘတွေ က
ဖိအားပေးကြလိမ့်မည်...ဒါပေမယ့် အဆင်ပြေပါတယ်
ကျင်းရ်ီက အခုမှစပီးလုပ်မှာဆိုပေမယ့်
သူသေချာပေါက် လုပ်နိုင်မှာ ပါ...ကျင်းလင် နဲ့ စစ်ကျွေး တို့က
ကျွမ်းကျင်ပီးသား မလား
ကျင်းရီ ကို တွဲခေါ်ရမှာပဲ...ဒီလိုနဲ့ သူတို့သုံးယောက်
Project တခုကို အတူတူ
လုပ်ဖို့ အကြောင်းပါလာခဲ့လေသည်...ရှင်းပါတယ် ကျင်းရီနဲ့စစ်ကျွေးတို့က
သိပ်မတည့်တာမို့ သူတို့ရဲ့ အလုပ်ခန်းက
ကျင်းလင် တို့ ကုမ္ပဏီ မှာသာ...တခန်းထဲ အတူတူ အလုပ်လုပ်ရတော့
ကျင်းရီ စစ်ကျွေး ကို ခိုးခိုးကြည့်မိသည်...စစ်ကျွေး သူ့ကို ပြန်ကြည့်တာကိုတော့
သူမသိပါ...ကျင်းလင် ကတော့ အေးဆေးမနေရ
ဘယ်ချိန် ထသတ်ကြမလဲ မသိတာမို့
သူက တားဖို့ရာ အမြဲ အသင့်သတိနဲ့
နေနေရသည်..."နေ့လည်စာ သွားစားကြမယ်"
ကျင်းလင် ပြောလိုက်တော့
ကျင်းရီ က စစ်ကျွေး ကို တချက်
ကြည့်လိုက်မိသည်...မျက်နာကို လက်ဖြင့် ပွတ်နေတဲ့
စစ်ကျွေး အရင်လို ချောတုန်းပင်...နေအုံးသူဝတ်ထားတဲ့ လက်စွပ် က
သူ့လက်စွပ်နဲ့ ဘာလို့ တူနေရတာလဲ...ကျင်းလင်က သူ့ကိုရောဝယ်ပေးခဲ့တာလား...
"သူရောလား"
စစ်ကျွေး ကျင်းရီ ကို မေးငေါ့ပြလို့
ကျင်းလင်ကိုမေးလိုက်သည်..."ငါက ဘာဖြစ်နေလို့လဲ "
ကျင်းရီ မျက်မှောင်ကျုပ်ကာ
ပြန်မေးလိုက်သည်...စလာပီ ဇာတ်လမ်းက...
ကျင်းလင် တကယ် သူတိုနှစ်ယောက်ကို
စိတ်ပျက်လာပီ အကြောင်းရင်းမရှိပဲ
တွေ့တိုင်းသတ်နေကြခြင်းဟာ
နှစ်ယောက်လုံး နဲ့ ခင်ပီးကြားလူ
ဖြစ်နေတဲ့ ကျင်းလင် အတွက်
ဒုက္ခ ရောက်စေသည်...
YOU ARE READING
FanfictionZawgyi /unicode စစ်ကျွေး /ကျင်းရီ / ကျင်းလင် 3some.... အဲ့တော့ မင်းတို့က ငါ့ကို အောက်ထပ်မှာ ထားမယ်ပေါ့ ဟုတ်လား... စစ်ကျွေး /ကျင်းရီ / ကျင်းလင် 3some.... အဲ့တော့ မင်းတို့က ငါ့ကို အောက်ထပ်မှာ ထားမယ်ပေါ့ ဟုတ္လား...