#နေပြောက်သစ်ပင်
8 - ဝေမျှချစ်ရည်
(ဝေမျှချစ်ရည် - နတ်သျှင်နောင်၏ စွန်းတောင်ဘုရားတိုင် မယ်ဘွဲ့ရတု ဒုတိယပိုဒ်မှ)
နေမြဲ၏ စာတမ်းမှာ အတော်အတန်ခရီးရောက်နေပြီဖြစ်သော်လည်း တချို့သော ကျမ်းကိုးများမစုံလင် သေးသည်ကို အကြောင်းပြုပြီး ကိုဘုန်းစက်၏ စာအုပ်စင်သို့ နေ့စဉ်ရောက်ဖြစ်နေတော့သည်။ သူတို့ ရုံး က နိုင်ငံခြားသားများလည်း ရှိပြီး အားလုံးက အေးအေးဆေးဆေးပင် ဖြစ်ကြသည်။ နေမြဲ ရောက်နေ သည့်အတွက်လည်း မစပ်စုကြ။ အလုပ်ကိုယ်စီနှင့် အေးဆေးသော လုပ်ငန်းခွင်လေးဖြစ်သဖြင့် သူ့မှာ ကိုဘုန်းစက်အတွက် ဝမ်းသာမိသေးသည်။
နေမြဲမှာ ပုဂံခရီးသည် စာအုပ်ကိစ္စဖြစ်ပြီးကတည်းက တော်ရုံစာအုပ်များ၏ ရှေ့ဖုံးသို့ လှန်မကြည့်ရဲတော့ ပေ။ ကိုယ့်စိတ်ကိုယ်သာ အသိဆုံးပေမို့ မကိုင်တွယ်နိုင်လောက်မည့် ကိစ္စရပ်များဆိုလျှင် ဝေးဝေးကရှောင် လိုက်သည်က နေမြဲအကျင့်ပင်ဖြစ်သည်။ အစပိုင်းတွင် ကိုဘုန်းစက်က မသိသော်လည်း အချိန်ကြာလာ သောအခါ သတိထားမိလာဟန်ရှိသည်။ ကိုဘုန်းစက်က အလုပ်လုပ်ရင်းဖြင့် သူ့ကို မကြာခဏကြည့်နေ တတ်သောကြောင့်လည်း ပါမည်။
"နေမြဲလေး။ စာအုပ်တွေရဲ့ရှေ့ဖုံးကို ဘာဖြစ်လို့ကျော်နေတာလဲ"
သူ မဖြေဘဲ တခြားစာအုပ်များကို လှမ်းယူနေမိသည်။ ကိုဘုန်းစက်က ထိုင်ခုံမှ ထလာပြီး ထိုစာအုပ်ပုံကို ကူသယ်ပေးရင်းဖြင့် မျက်နှာချင်းကပ်ကာ ထပ်မေးပြန်သည်။
"ကိုယ်ထင်နေတဲ့ကိစ္စကြောင့်များလား"
"ဟုတ်တယ်။ ခင်ဗျား အဆက်ဟောင်းရဲ့ ချစ်သော ဆိုတဲ့ လက်ရေးကြီး မမြင်ချင်လို့..။ ဖယ်ဗျာ။ စာဖတ် မလို့ကို ဘာတွေလာမေးနေမှန်းမသိဘူး"
နေမြဲသည် ရှက်ရှက်နှင့် စာအုပ်ပုံကြီးကို မျက်နှာမြုပ်သည်အထိ ထပ်စီလိုက်ရင်းဖြင့် ကိုဘုန်းစက်နှင့် စည်းခြားပစ်လိုက်၏။ ကိုဘုန်းစက်က ထိုစာအုပ်ပုံပေါ်မှနေ၍ သူ့ကိုငုံ့ကြည့်ပြီး ခပ်တိုးတိုးရယ်သည်။
YOU ARE READING
နေပြောက်သစ်ပင် [Completed]
Romanceသစ်ပင်ဟာ နေမြဲအတိုင်း ရှိနေခဲ့ပါတယ်။ ဟိုအစကထဲကပါပဲ။ နေပြောက် က သာ.... #ဘုန်းစက်ရှိန် #နေမြဲဆက်နိုင်