အဆုံး - ဝသုန်ဤမြေ သိ-ကြားစေ သက်သေညွှန်း

9.7K 610 103
                                    

နေပြောက်သစ်ပင်

(ဇာတ်သိမ်းပိုင်းဖြစ်ပါတယ်)

အဆုံး - ဝသုန်ဤမြေ သိ-ကြားစေသက်သေညွှန်း

(ဝသုန်ဤမြေ သိ-ကြားစေသက်သေညွှန်း - အနောက်နန်းမိဖုရားမမြကလေး၏ သစ္စာတိုင်ပတ်ပျိုးမှ)

နေမြဲမှာ ဆေးရုံတွင် စောင့်မနေတော့ဘဲ အိမ်သို့ ပြန်လာခဲ့လိုက်သည်။ သူအိမ်ရောက်တော့ ဆက်စက်က ပြေးထွက်လာပြီး တညောင်ညောင်ဖြင့် ပွတ်သီးပွတ်သပ်လုပ်နေသော်လည်း သူက ကောက်ချီရန် စိတ်ကူး ရှိမနေ။ ကိုကို့အခန်းထဲသို့ တန်းဝင်သွားလိုက်ပြီး အိပ်ရာထဲတွင် ပစ်လှဲချလိုက်မိသည်။

မေမေ ပြောပြလာသော အကြောင်းအရာများကြောင့် သူ့မှာ ရင်ထဲနာကျင်ရှုပ်ထွေးနေရ၏။ ကိုကို့ခမျာ မည်မျှထိ ဝေဒနာခံစားခဲ့ရမည်နည်း။ ထိုကြားထဲ ကျော်လင်းမောင်နှင့် မိထွေးဖြစ်သူတို့ ခြိမ်းခြောက်မှု ကြောင့် နေမြဲကို ကာကွယ်ရန် အဝေးသို့ပို့ခဲ့သေးသည်တဲ့။

"ဘုန်းစက်ကို မမုန်းပါနဲ့ နေမြဲလေးရယ်။ ဘုန်းစက်က သားတစ်ယောက်အတွက်ပဲ တွေးပြီး အကုန်ဆုံး ဖြတ်ခဲ့တာပါ။ အရာအားလုံးကို သူတစ်ယောက်တည်း ကြိတ်မှိတ်တောင့်ခံခဲ့တာ..။ ဟိုဘက်က သားရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာလို့ ဘုန်းစက်က ရွေးစရာမရှိဘဲ သားကို ကျောင်းသွားတက်ခိုင်းခဲ့ တာပါ။ သူကိုယ်တိုင်ကလည်း အားနည်းနေတဲ့အချိန်မှာ သားကို ကာကွယ်ပေးဖို့မဖြစ်နိုင်တော့ဘူးလေ"

နေမြဲက အံကြိတ်ထားရင်း မျက်ရည်များကို ထိန်းထား၏။

"အလကား.. ခင်ဗျားက သတ္တိကြောင်တဲ့လူပဲ ကိုကို"

နေမြဲမှာ အိပ်ဖို့ ကြိုးစားသော်လည်း မည်သို့မျှ အိပ်မပျော်။ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေသော်လည်း အိပ်ကြည့်၍ မရသဖြင့် ကိုကို့စာကြည့်စားပွဲသို့ သွားထိုင်လိုက်မိသည်။ ကိုကို့ထုံးစံအတိုင်း သပ်ရပ်စွာစီရီ ထားသော စာအုပ်စင်ကိုကြည့်ရင်း နေမြဲမှာ မည်သည်ကိုလွမ်းမှန်းမသိလွမ်းလာခဲ့၏။ တစ်နေရာတွင် တော့ သေချာစွာအဖုံးဖုံးထားသော စာအုပ်တစ်အုပ်ကို ရင်းနှီးစွာပြန်တွေ့လိုက်ရသည်။ နေမြဲ၏ ချစ်သက် လက်ဆောင် နတ်သျှင်နောင်ရတုပေါင်းချုပ် စာအုပ်ပါပင်။ အနည်းငယ်တွေဝေနေပြီးမှ စာအုပ်ကိုယူကာ ဖွင့်ကြည့်လိုက်မိတော့ နေမြဲမှာ နှလုံးသားတို့ ပြုတ်ကျသွားသည်ဟုပင် ခံစားလိုက်ရ၏။

နေပြောက်သစ်ပင် [Completed]Donde viven las historias. Descúbrelo ahora