Unicode
ဂျောင်ဂုနဲ့ယူမင်း အိမ်မှာနေရင်းပျင်းတာနဲ့
နှစ်ယောက်သား Cafeဆိုင်တခုကိုသွားခဲ့ကြသည်။
မထင်မှတ်ပဲ ရန်စရှိတဲ့ Clubကကောင်ကိုတွေ့တော့ ရန်စရင်း သူတချက်ကိုယ်တချက်ထိုးခဲ့ကာ အခု ယူမင်းကြောင့် Nonaဆီရောက်နေရသည်။"မင်း အခုထိရန်ဖြစ်တုန်းပဲလား.."
"Nona..တချက်အထိုးရတာ ဘာမှမဖြစ်ဘူး"
အထိုးခံရတာတချက်လေးကို ဆေးလိမ်းပေးဖို့ပြင်နေတဲ့Nonaကိုစိတ်တိုစွာပြောမိသည်။
"မနေ့က ဟိုကောင်လေးလား"
"Nona မြင်သွားတာလား မနေ့ကလေ"
"အင်း ဟုတ်တယ်"
"အင်း သူနဲ့ဖြစ်တာ"
"နောက်တခါ ရန်သွားမစနဲ့"
ပြောရင်း ဆေးတို့ထားတဲ့ဂွမ်းစကို ကိုင်ကာ
မျက်နှာနားကပ်လာသည်။"ကျစ် Nona.."
Nona လက်ကိုရှောင်ဖယ်ပစ်လိုက်သည်။
"တခါတလေ Nonaစကားနားထောင်ပါဦး ဂျွန်ရယ်"
"ကြိုးစားကြည့်တာပဲ ရမှမရတာကို!"
"Nona 5နှစ်ထိ မင်းဘေးနားရှိနေပေးခဲ့တာ
အခုဆိုလုံလောက်ပီမဟုတ်လား ချစ်သူသက်တမ်းကလဲကြာပီပဲ ဂျွန်လဲ အဆင်သင့်ဖြစ်နေပီမလား"ဒီစကားက အရင်ကတည်းကပြောလာတာ
သူ့မကို လက်ထပ်ခိုင်းနေတာ
အတင်းကျပ်မဟုတ်ပေမဲ့ ဖိအားတမျိုးပါပဲ။"အခုထိအဆင့်သင့်မဖြစ်သေးဘူး"
"ဂျွန်သိလား
Nonaမိဘတွေက မေးနေပီ"Nona ကအခုထိရောအရင်ကပါ ပုံစံကခပ်အေးအေး အော်တာတွေပါတွေမရှိသလောက်ပဲ ဒေါသထွက်ရင် ကျတော့်အနားမနေတတ်ဘူး Nonaက အေးအေးလေးပဲ အမြဲပြောတတ်တာ။
"အားနာပေမဲ့ အဲ့ကိစ္စက အခုထိမစဉ်းစားရသေးဘူး"
"အခု ခေါင်းထဲထည့်လိုက်ပေါ့
Nona စောင့်နေမယ်"ဆေးသတ္တာကိုယူပီး အပေါ်ထပ်တတ်သွားသည်
Nonaကိုလက်ထပ်ဖို့ အိမ်မက်ထဲတောင်
ထည့်ပီးမမက်ခဲ့ဘူး။
YOU ARE READING
"Cigarettes"{Ongoing}