Unicode
တီ.....တီ....တီ!!!!!!!!!!!!!
အနောက်ကကားဆီမှ ဟွန်းသံအဆက်မပြတ်ထွက်ပေါ်လာခြင်းကြောင့် အတွေးကမ္ဘာမှ မျက်မှောက်ခေတ်ကိုပြန်ရောက်လာခဲ့သည်။
အိမ်ရှိရာ အဝေရာလမ်းမှ ထွက်ထွက်ချင်း တောင်တွင်းလမ်းဆုံမှာ မီးပွိုင့်မိနေသည်မို့ ခဏချရပ်ထားရင်းက အတွေးလွန်သွားသည်ခဲ့သည်။မီးစိမ်းသွားတာကို သတိမထားမိလိုက်ပေ။
အားနာသမှုနဲ့ ကားမှန်ကိုချကာ လက်ထုတ်ပြလိုက်မိသည်။ထို့နောက် လက်ချောင်းသွယ်သွယ်လေးတွေကို စီယာတိုင်ပေါ် ပြန်တင်ရင်း မောင်းထွက်လာခဲ့ရ၏။
အနက်ရောင်Honda fit ကားလေးဟာတော့ တောင်တွင်းလမ်းအတိုင်း တငြိမ့်ငြိမ့်ဆင်းချသွားလေပြီ။
အိမ်မှာ မနက်စာ မစားဖြစ်ခဲ့သည်မို့
မကွေးတက္ကသိုလ်ရှေ့ မရောက်တစ်ရောက်မှာ ကားကို အရှိန်သတ်လိုက်ပြီး လမ်းဘေးချရပ်လိုက်၏။ကားတံခါးကိုဖွင့်ကာ လမ်း ညာဘက်ခြမ်းဆီက ကော်ဖီဆိုင်လေးအတွင်းသို့ ဝင်ရန် ပြင်လိုက်မိသည်။ ကော်ဖီဆိုင်နာမည်လေးက ရိုးရှင်း တဲ့။
ကောင်တာကို တစ်ချက်လျှောက်သွားလိုက်တော့
ဝန်ထမ်းအစ်မလေးက ချိုသာစွာပြုံးပြသည်။အပြုံးတွေကို ထပ်ဆင့်ကူးကာ ပြန်ပြုံးပြရင်း...
"အစ်မ.... Hot Americano တစ်ခွက်လောက်...
ပါဆယ်ယူမယ်နော်....""ဟုတ်ကဲ့...ခဏလေးစောင့်ပေးပါနော်..."
ဝန်ထမ်းအစ်မလေးရဲ့ စကားကို တစ်ချက်ခေါင်းငြိမ့်ကာ အသိအမှတ်ပြုရင်း ထောင့်စွန်းကျကျ စားပွဲမှာဝင်ထိုင်လိုက်မိသည်။
မနေ့ကအထိ သိပ်မအေးသေးဘဲ ဒီနေ့မှ ဆောင်းရာသီ၏အငွေ့အသက်ကို သေချာစွာခံစားလာရ၏။
ရာသီဥတုက အေးစိမ့်စိမ့်မို့ ဝတ်လာတဲ့ Hoddie အနက်ရောင်အင်္ကျီအိတ်ကပ်ထဲ လက်နှစ်ဖက်လုံး ထည့်ထားလိုက်ရ၏။
"ညီမ ရပါပြီနော်...."
"ဟုတ်ကဲ့..."
ကျသင့်ငွေကို ရှင်းပေးပြီး ဆိုင်အပြင်ထွက်လာတော့ အအေးဓာတ်ကို သိသိသာသာခံစားလိုက်ရ၏။
YOU ARE READING
လိုက်ဖက်ထောင့်
General Fictionမျဉ်းပြိုင်နှစ်ခုကို ဖြတ်မျဉ်းတစ်ကြောင်းက ဖြတ်တဲ့အခါ လိုက်ဖက်ထောင့်တွေ တူညီကြတယ်