Unicode
နတ်သက်ကြွေလာတဲ့ နတ်သမီးဆိုတာ ဒါမျိုးလား။
ကျောင်းအဝင်မှာ တစ်ခါဆုံခဲ့ဖူးပေမဲ့
မျက်နှာလေးကို သေချာမမော်ဖူးခဲ့ရတာ။
အော်...မော်ဖူးတယ်ဆိုတဲ့ စကားအသုံးအနှုန်းက သူ အခုအချိန်သုံးဖို့အတွက် အရမ်းများစောလွန်းသွားသလား။"ဟယ်ဟယ်...ငယ်သွေး။
ဇက်ကြီးလည်း လိမ်သွားပါအုံးမယ်ဟယ်။ သွားရည်တွေဘာတွေရော သုတ်ပါအုံး။"သော်တာထွန်းရဲ့ပြစ်ပြစ်နှစ်နှစ်စကားသံကို ကြားမှ အသိပြန်ဝင်လာသည်။
"ဘာမှ။ ငါကဘာဖြစ်နေလို့လဲ။စိတ်တောင်မဝင်စားဘူး။"
သွားပြီ။မနက်ကယူလာတဲ့ ငါးပါးသီလလေးတော့ကျိုးသွားပြီ။
"အေးပါ ငယ်သွေးရာ။ နင်ငါ့ကိုလိမ်လို့ရချင်ရမယ်။
နင့်ကိုယ်နင် လိမ်လို့မရပါဘူး။"ဟုတ်သည်။ သူ့ဦးနှောက်နဲ့ ပါးစပ်က ငြင်းဆန်နေပေမဲ့ နှလုံးက ခြွင်းချက်မဲ့စွာ အလုပ်လုပ်လွန်းနေသည်။ ဒါ ငယ်သွေးရဲ့ မာနကို မခန့်တာပဲ။
"တော်စမ်း။ဆရာလာပြီ။"
အရှက်ပြေငေါက်ငမ်းပြီး ထရပ်လိုက်ပေမဲ့ ဝင်လာတဲ့ဆရာအပေါ် လုံးဝကို အာရုံမရတာ ငယ်သွေး ဝန်ခံပါသည်။
ဒါဆို ငယ်သွေးရဲ့ စိတ်တွေဘယ်ရောက်နေသလဲ။
ငယ်သွေးက စာသင်ခန်းကအလယ်တန်းခုံရဲ့ သုံးခုံမြောက်မှာပါ။
မျက်လုံးတွေကတော့ ဘယ်ဘက်ခုံတန်းရဲ့ ဒုတိယမြောက်ခုံတန်းရဲ့ ကျောပြင်လေးပေါ်က ဆံနွယ်ရှည်တွေဆီမှာ။
တိတိကျကျပြောရရင် ဇာအနက်ရောင်အင်္ကျီလေးပေါ်က ဆံနွယ်ရှည်တွေနဲ့ အဲဒီအမျိုးသမီးဆီမှာ။ဆရာ့ကိုနှုတ်ဆက်ပြီး ထိုင်ခုံမှာပြန်ထိုင်သည့်တိုင် အာရုံငါးပါးဟာ ထိုဆံနွယ်တွေဆီမှရုန်းမထွက်နိုင်။
"ဟဲ့ ငယ်သွေး...
ဆရာက စာအုပ်ထုတ်တဲ့လေ။ဘာငေးနေတာလဲ။"အရှက်ပြေ ရေဘူးလေး ခုံအောက်ကထုတ်ပြီး လှည့်ဖွင့်ရင်း
"ဟမ် ဘာဖြစ်တယ်။"
"မြန်မာစာသင်မှာ။ ရေးဖို့စာအုပ်ထုတ်ခိုင်းတာ။"
YOU ARE READING
လိုက်ဖက်ထောင့်
General Fictionမျဉ်းပြိုင်နှစ်ခုကို ဖြတ်မျဉ်းတစ်ကြောင်းက ဖြတ်တဲ့အခါ လိုက်ဖက်ထောင့်တွေ တူညီကြတယ်