Part (2)

129 13 1
                                    

Unicode

Gym hall အဝင်ကို ကားလေးခေါင်းစိုက်လာတော့
သူငယ်ချင်းတွေက သူ့ဆီ အာရုံစိုက်လာသည်။

ငယ်သွေးလည်း passenger seat ပေါ်တင်ထားတဲ့ ဘေးလွယ်အိတ်ကို စလွယ်သိုင်းကာ ကားတံခါးကိုတွန်းဖွင့်လိုက်၏။

သော်ကြီးတို့ စောင့်နေတဲ့ သစ်ပင်ရိပ်ကို ဖြေးဖြေးချင်းလျှောက်သွားတော့

"ဟဲ့...ငယ်သွေး...
နင့်မျက်နှာက ဘာဖြစ်လာတာလဲ။"

မေးလာသူက ဝေယံခန့်။

အတွေးတို့က ‌ရွှံ့စင်သွားတဲ့ ဟိုကောင်မလေးဆီထံသာ ရောက်နေသည်မို့  ဝေယံ ရဲ့ အမေးစကားဟာ ကြားတစ်ချက်မကြားတစ်ချက်သာ။

ရုတ်တရက် ပခုံးကို ဖြတ်ခနဲ ကျရောက်သည့် လက်ဝါးကြောင့်သာလျှင် အာရုံ အလုံးစုံက ခန္ဓာကိုယ်ဆီ ပြန်ရောက်လာခဲ့သည်။

"ဟမ်...ဘာမေးလိုက်တာ။"

"မျက်နှာက ဘာဖြစ်လာတာလဲလို့။"

ဝေယံ က ခေါင်းကို အသာခါရမ်းရင်း ပြန်မေး၏။

ငယ်သွေးတစ်ယောက် ကိုယ့်မျက်နှာကိုယ် ပြန်စမ်းရင်းက

"မျက်နှာ...ငါ့မျက်နှာက ဘာဖြစ်လို့လဲ။"

"သွားပြီ...ယွန်းငယ်သွေး။
နင်တော့ တကယ်သွားပြီ။"

သော်တာထွန်းကပါ ဝင်ပြောလာသည်မို့
ယွန်းငယ်သွေး  ဦးနှောက်ကို အလုပ်အများကြီးပေးရပြီ။

"ဘာတွေလဲဟာ။လူနားလည်အောင်ပြောကြပါ။"

ငယ်သွေး စိတ်ရှုပ်လာဟန်နဲ့ဆိုတော့
သော်တာထွန်းက ပုခုံးကို လာဖက်လိုက်ရင်း

"နင့်မျက်နှာမကောင်းလို့ ဘာပြဿနာဖြစ်လာတာလဲ ဆိုတဲ့သဘောကိုမေးတာ ငတုံးမရဲ့။"

"အော်...ကျောင်းအဝင်လမ်းမှာ ငါ့ကားက ဗွက်ကိုဖြတ်မိလိုက်တာ။ အဲမှာ လမ်းလျှောက်လာတဲ့ကောင်မလေးရဲ့ ထဘီကို နည်းနည်းစင်သွားလို့။"

"အဲတာကိုစိတ်မကောင်းဖြစ်နေတယ်ပေါ့လေ။"

ဝေယံက ဝင်ထောက်၏။

"အဲတာတင်မဟုတ်သေးဘူးဟ။ငါသွားတောင်းပန်တော့ သူက ငါ့ကိုပြန်ချေလွှတ်လိုက်တာ။"

လိုက်ဖက်ထောင့်Where stories live. Discover now