PART 🍁5🍁Extra

231 26 7
                                    


Unicode

"ဘယ်ရောက်သွားပြီလည်းKim V
ဘယ်မှာလဲလို့!!"

"ဟင့် သားမသိဘူး အင့်ဟင့်!"

"မင်းမသိရအောင်
ငါမရှိတုန်းမင်းကိုင်တာမလား
ငါ့ကိုမညာနဲ့Kim Vမှန်မှန်ပြော ဟမ်
မင်းကိုငါကညာရမယ်လို့သင်ပေးထားလား"

"မဟုတ်ပါဘူးပါး ပါး ဟင့်
သားကိုမရိုက်ပါနဲ့အီးးး"

မနက်မိုးလင်းလူကနေလို့ထိုင်လို့မကောင်း
လို့ခဏလောက်မှေးမယ်ဟု
ပြင်လိုက်တော့ပြသာနာကအဲ့ကစတတ်တာ၊
အရင်က၀တ်နေကျ
ကိုကိုပေးထားသောခြေကျင်းလေးသည်
သူ့ခြေထောက်တွင်ရှိမနေပေ၊
ထားတဲ့နေရာကိုပြန်ကြည့်တော့လည်းမတွေ့
တာကြောင့်သူ့မှာပြာယာခတ်သွားရသည်။
ပြန်လည်စဥ်းစားတော့
မနေ့ကညကသူရေချိုး၍ခြေကျင်းလေးအား
ချွတ်ကာရေချိုးကန်
ဘောင်ပေါ်တွင်တင်ထားမိသည်။
အမြန်ပြေးသွားကာရှာကြည့်တော့ရှိမနေ၊
ထိုအချိန်တွင်ခေါင်းထဲ
ပေါ်လာတာကKim v၊မနေ့ကကြိုးသေးသေး
လေးကိုကိုင်နေတာတွေ့လိုက်သည်။
လူကနေမကောင်းသလို
စိတ်တွေကလည်းရှုတ်နေတာမလို့
ဘာကိုမှမစဥ်းစားမိဘဲ
KimVလေးကိုခေါ်ကာမေးမြန်းသည်။
မေးတော့ဘာမှမဖြေဘဲမသိဘူးလုပ်နေတာမို့
မကောင်းတဲ့စိတ်က
တော်တော်ကိုဖောက်ပြန်လာလေပြီ။

မျက်ရည်များဖြင့်ကလေးငယ်အား
သူဂရုမစိုက်နိုင်တော့ဘဲ
ကလေးငယ်အားအတင်းလှုပ်ရမ်းပြီးမေးနေမိသည်။တန်ဖိုးထားရသော
ပစ္စည်းလေးကိုမတွေ့တော့တာမို့စိတ်တွေထူပူပြီးလုပ်ချင်ရာလူပ်မိသည်။
အသိစိတ်တွေပြန်ကပ်တော့သူ့လက်ထဲက
Kim Vလေးသည်
မျက်ရည်စများဖြင့်မျက်ဖြူပင်လန်နေကာ
အသက်ကို
အလုပ်အယက်ရှူနေရလေသည်။
သူ့အရှေ့ကမြင်ကွင်းသည်သူ့ကိုသတ်လိုက်သလိုကြောင်အသွားရသည်။
မေ့နေတာ
ကလေးငယ်ကမွေးရာပါနှလုံးရောဂါရှိနေတာ
ကိုသူရူးပြီးမေ့သွားခဲ့တာဘဲ၊
အရှေ့ကကိုယ်ငယ်လေးအားလှုပ်ခေါ်နေသော်
လည်းဘာသံမှပြန်မလာဘဲ
မေ့မျောသွားလေပြီ။

စိတ်တွေသည်အရူးတပိုင်းဖြစ်ကာ
Vလေးအားပွေ့ချီပြီး
ဆေးရုံသို့အမြန်မောင်းရသည်။
ကိုယ့်ရှေ့တွင်လဲကျသွားသောကိုယ်လေးကြောင့်
သူမှာမျက်ရည်များဖြိုင်ဖြိုင်ကျကာ
တောင်းပန်စကားသာ
အဖွဖွပြောနေမိသည်။

Love me (taejin  short story) 🎉🎊Where stories live. Discover now