PART 🍁1🍁

511 51 19
                                    

Unicode

ဘူဆန်ရှိလမ်းမထက်၀ယ်
အဖြူရောင်ကားလေးတစ်စီးသည်တရွေ့ရွေ့ဖြင့်မောင်းနှင်လျက်ရှိသည်။
ထိုကားလေးထဲတွင်တော့ခုနှစ် နှစ်အရွယ်
ကောင်လေးတစ်ယောက်က
လမ်းမထက်ကိုမျှော်ငေးကာလိုက်ပါလာလေသည်။
တကယ်တော့ဂျင်မလိုက်ချင်ပါ။
မားမားကအတင်းခေါ်လို့သာလိုက်ခဲ့ရခြင်း၊

အင်းဂျင်တို့ကအခုဘူဆန်ရဲ့
မိဘမဲ့ကျောင်းကိုညီလေးတစ်ယောက်မွေးစားဖို့သွားနေခြင်းပင်၊
မားမားက
ကလေးထပ်မရနိုင်တော့တာကြောင့်
မွေးစားဖို့ဆုံးဖြတ်ခဲ့လေသည်။
အဖော်မရှိသောသူ့အတွက်ပါးပါးကတော့
အဖော်ရအောင်ပါတဲ့၊
ဟင့်အင်းသူမှမလိုချင်ဘဲ၊မားမားရဲ့အချစ်တွေကိုသူတစ်ယောက်ထဲပိုင်ဆိုင်ချင်ပါသည်။
မျှ၀ေရတာကိုဂျင်မကြိုက်ပါ၊
သေလောက်အောင်မုန်းပါသည်။

"ဆော့ဂျင်လေး
ဟိုရောက်ရင်သားယောင်းငယ်လေးကို
ညီလေးတစ်ယောက်လိုချစ်ပေးနော် သား"

ဂျင်ကားလမ်းဘေးက
သစ်ပင်လေးတွေကိုလိုက်ကြည့်နေတုန်း
မားမားရဲ့စကားကြောင့်
မျက်မှောင်ကျုံလိုက်မိသည်။
အခုထဲကမားမားသည်ယောင်းငယ် ယောင်းငယ်နဲ့ပါးစပ်ကပင်မချ
ဂျင်မမြင်ဘူးပင်မယ့်
ယောင်းငယ်ဆိုသောကောင်လေး၏
အမည်နမအားမနာလို၊အမည်ကြားယုံနဲ့တင်
ဂျင်မုန်းပါသည်။

မားမားတို့ကခဏခဏအဲ့ခလေးကို
သွားခေါ်ကြပင်မယ့်
အဲ့ဂြိုယ်ဆိုးလေးကမလိုက်၊
ဘာတွေများမလိုက်စရာအကြောင်းရှိလည်း
သူမလိုက်တော့
မားမားကအဖော်မရှိလို့ဆိုပြီးသူ့ကိုပါ
ခေါ်ခိုင်းသည်လေ၊
အဲ့တစ်ယောက်နဲ့တော်တော်အလုပ်ရှုပ်ပါသည်။တကယ့်ကိုဂြိုယ်ဆိုး၊

ဂြိုယ်ဆိုးကောင်ကို
ဘယ်တော့မှညီအဖြစ်မသတ်မှတ်နိုင်ပါ။
အဲ့ကောင်ရောက်လာခဲ့ရင်
နှိပ်စက်ပြစ်မည်ဟု
တေးထားလိုက်သည်။

~~love me~~

ကားဖြူလေးဂေဟာရှေ့ဆိုက်ရောက်တယ်ဆို
မားမားသည်ကားတံခါးကို
ဖွင့်ကာအရှေ့မှာလာနေသောဘုန်တော်ကြီးအားနှုတ်ဆက်နေလေသည်။
ဂျင်လည်းကားပေါ်မှ
ဆင်းကာမျက်စိဖြင့်၀ေ့၀ဲကြည့်လိုက်တော့
အ၀ါရောင်မေပယ်လ်ပင်
များကြားကိုလုံးတုံးတုံးဖြင့်၀င်သွားသော
အဖြူပိုးတုံးလုံးလေးကို
ဖျက်ခနဲကြည့်မိလိုက်လေသည်။
မျက်တောင်တစ်မှတ်အတွင်းမှာမရှိတော့သောအရိပ်လေးကြောင့်
၀ေ့၀ဲရှာကြည့်မိသော်လည်း
ပြောက်သွားလေပြီ။

Love me (taejin  short story) 🎉🎊Where stories live. Discover now