Part 1

28 2 2
                                    

ဆူညံနေတဲ့ Party ပွဲမှာ ကနေတဲ့ သူတွေကလဲ အစီအရီ ..ကိုယ့်အဖွဲ့နဲ့ ကိုယ် လက်ထဲ အရက်ခွက်ကိုယ်စီနဲ့ စကား ပြောနေကြတဲ့ သူက ပြောနေကြတဲ့ ကြားထဲမှာ Staff Suit ဝတ်ထားပြီး လက်ထဲမှာတော့ ဗန်းတခုကို ကိုင်ကာ အရက်ယူဦးမလား
ဆိုတဲ့ အပြုံးလေးနဲ့ အလုပ်လုပ်နေတဲ့ ကောင်မလေး တယောက်

သူမ နာမည်ကတော့ Kim Jun Myeon .
မိဘတွေ မရှိတော့ပဲ ဘဝကို တယောက်ထဲ ရုန်းကန်နေရသူ .နယ်ဘက်ကနေ မြို့ပေါ် တက်လာပြီး လုပ်လို့ ရတဲ့ အလုပ်မှန်သမျှကို ကြိုးစား လုပ်ပြီး နေတဲ့ ပတ်ဝန်းကျင်နဲ့လဲ သဟဇာတ ဖြစ်အောင် နေတတ်သူ

"Jun ဒီအလုပ်လေးတွေ ပြီးရင် ပြန်လို့ ရပြီနော် "

အလုပ်သိမ်းချိန် ကြမ်းတိုက်တဲ့ အတံ ကို ထိုးပြရင်း ပြောသွားတဲ့ ဂျာကြီးရဲ့ အပြောကို အပြုံးလေးနဲ့ လက်ခံရင်း

"ဟုတ်ကဲ့ပါ ဂျာကြီး "

"ဒါဆို တာဝန်ကျေလိုက်ပါဦး "

ပြောပြီးထွက်သွားတဲ့ ဂျာကြီး .
ကြမ်းတိုက်ဖို့ စပြင်လိုက်တဲ့ Jun .
မျက်နှာမှာတော့ အလုပ်ကို တာဝန်ကျေအောင် လုပ်မယ့်ဆိုတဲ့ အပြုံးလေးနဲ့ပေါ့ ..

~~~~~~~~

အိမ်ပြန်ရောက်တော့ ခလုတ်ကို နှိပ်ကာ မီးဖွင့်လိုက်တော့ သူမရဲ့ ကိုယ်ပိုင် အခန်းငယ်လေး .

တိုက်ရဲ့ အပေါ်ဆုံးမှာ ရှိတဲ့ ထပ်ခိုးအိမ်လေး .
အခန်းသက်သက်ဆိုတာ မရှိပဲ Hall ထဲမှာပဲ မီးဖိုခန်းနဲ့ အိပ်ရာ ကို ခွဲထားတယ် .အိပ်ရာ ရှေ့မှာ TV ငယ်လေး တခု နဲ့ သူမရဲ့ ကိုယ်ပိုင် ကမ္ဘာငယ်လေးပေါ့ .

အိမ်ပြန်ရောက်တော့ မနက် ၅ နာရီ ထိုးနေပြီ
တခုခု စားဖို့ လုပ်မလို့ ရေခဲသေတ္တာကို ဆွဲဖွင့်တော့ ဟင်း အရံတွေ ရှိတာနဲ့ ကျန်နေတဲ့ ထမင်းကို နွေးပြီး ကျန်သမျှ ဟင်းတွေကို ထမင်းနဲ့ ရောနယ်ပြီး ထမင်းသုတ်ပဲ စားလိုက်တယ်

စားပြီးတာနဲ့ အိပ်ရတော့တယ် .နေ့လည် 12 နာရီကျ အချိန်ပိုင်း အလုပ် ရှိသေးတယ်လေ

~~~~~~

အားပေးသံတွေ အပြည့်နဲ့ ဆူညံ့နေတဲ့ Show တခု ..

Fate (운명)Where stories live. Discover now