⚠︎4⚠︎

476 50 4
                                    

Unicode

ဒုန်း~~ဒုန်း~~ဒုန်း...

မနက်စောစောစီးစီး ကျက်သရေမရှိအောင် တံခါးကိုတဒုန်းဒုန်းထုပြီး ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြားတဲ့ အသံစူးစူးရဲရဲနဲ့အော်နေတဲ့အိမ်ပိုင်ရှင်။

ကျွီး!!

တံခါးဖွင့်လိုက်‌တော့ ဆံပင်နီရွှေရွှေကိုပရန်းပတာဆိုးထားတဲ့အဖွားကြီးကြောင့် လီဆာအတော်လန့်သွားရသည်။

Lisa
"အမယ်လေး ဘုရား..ဘုရား လန့်သွားတာဘဲ"

"မင်းအိမ်လခမပေးတာ သုံးလတောင်ရှိနေပြီ အခုဆင်းတော့ ငါ့အိမ်မှာနေသွားတဲ့သုံးလလုံးအတွက်တော့လစာကတော့ပေးကိုပေးရမယ် ဒီမှာ..!!!"

အိမ်ရှင်အဖွားကြီးကသူမပြောနေတာတွေကိုဂရုမစိုက်ပဲ မျက်လုံးကိုသာပွတ်သတ်နေတဲ့လီဆာကို ထပ်မာန်အော်လိုက်လေသည်။

သူမရဲ့အသက္မရှိတဲ့မျက်လုံးတွေဟာ ထိုအဖွားကြီးထံဆိုက်ဆိုက္မြိုက္မြိုက်။မျက်နှာသေကြီးနှင့်လေသံခပ်အေးအေးဟာ အရပ်ပုပုအဖွားကြီးအားကြက်သိမ်းထချင်စရာပင်။

Lisa
"သုံးလစာပေးရင်ရပြီမလား ဘယ်လောက်လဲ"

"ဒီလိုမှ‌ပေါ့ ၀မ်၉သောင်းလေတူမကြီးရဲ့.."

Lisa
"ရော့ ပိုတာပြန်မပေးနဲ့ မြန်မြန်သွားတော့"

တံခါးကိုအုန်းခနဲပိတ်လိုက်ပြီး အခန်းထဲသို့သာပြန်၀င်လိုက်ပြီး အိပ်ယာကြီးပေါ်သို့ဘုန်းကနဲလဲချလိုက်တော့သည်။

---

"မယ်မယ်ကြီးကြွချီတော်မူလာပါပြီ.."

အထိန်းတော်ချွဲရဲ့အသံဟာ အပျိုဆောင်သို့ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်းကြားလာရပြီဖြစ်သည်။

"အထိန်းတော်ချွဲ ငါကိုယ်တော်လာသည်ကို အဘယ်ကြောင့် စိုးရိမ်တကြီးအော်နေရသနည်း..တယ်နားညီးလှပြီ.."

"မယ်မယ်ကြီးကြွချီလာသည်ကိုမသိဘဲဖရိုဖရဲ‌ေနထိုင်‌ေနမည့်ပျိုရွယ်သူ‌တို့ကို‌ေတွ့မှာစိုးရွံမိပါတယ် ကျွန်တော်မျိုးမကိုအော်ခွင့်ပြုပါ.."

မယ်မယ်ကြီးဟာ စိတ်ပျက်စွာဖြင့်သာ သက်ပြင်းရှည်ကိုချလိုက်ပြီး ရပ်နေသောအထိန်းတော်ချွဲကို ကျော်ကာ အရှေ့ကနေသာဦးဆောင်လျှောက်သွားခဲ့သည်။

⚠︎O.N.S⚠︎Where stories live. Discover now