Lisa
"ဖယ်.."တီသျူးနဲ့နှုတ်ခမ်းကသွေးတွေကိုသုတ်ပေးနေတယ့်ချယ်ရဲ့လက်ကို လီဆာရိုက်ချလိုက်ပြီး ရုံခန်းအပြင်သို့ေြခလှမ်းကျဲများဖြင့်ထထွက်သွားတော့သည်။
Chae
"ဒီကလေးနဲ့တော့ မဖြစ်သေးပါဘူးလေ.."ကျွန်မမှာစိတ်တောင်မဆိုးနိုင်။
စိတ်ဆိုးသွားတဲ့ကလေးမနောက်ကို ပြေးလိုက်ရသည့်အခါ ဘေးဘီဝဲရာတွင် တိုးတိုးပြောနေသောလူတွေအား ဂရုမစိုက်ဖြစ်ခဲ့။ဓာတ်လှေကားထဲရောက်တော့ ကျွန်မမှာအမောတခေါလိုက်လာပြီး ဆူပုတ်နေသောသူမကြောင့် ဘာပြောရမှန်းမသိကာ တောင့်တောင့်ကြီးနဲ့သူမကိုပေစောင်းစောင်းကြည့်ရင်းသာ ရပ်နေမိသည်။
Chae
"ဟိုးး..အဲ"~တောင်~
ဓာတ်လှေကားပွင့်သွားသည်နှင့်အမျှ ေြခလှမ်းအကျဲကြီးဖြင့်ထပ်မာန်ထွက်သွားပြန်သည့် အဆိုးလေးကြောင့် ကျွန်မမှာလိုက်ရပြန်သည်။
Lisa
"ခင်ဗျားဘယ်ထိလိုက်နေမှာလဲ"သူမရပ်လိုက်တော့ အရှိန်နဲ့ကျောကို၀င်တိုက်မိတော့မည်ဖြစ်တာကြောင့် ချယ်လည်းအရှိန်ကိုအမြန်သတ်ကာ သူမကိုကြည့်လိုက်ရသည်။
Chae
"ကလေးမ ပြန်တော့မှာမလား ဟို တို့လိုက်ပို့ပေးမယ်လေ"Lisa
"လိုက်ပို့.."စိတ်ဆိုးနေတယ်ထင်လို့ လိုက်ချော့တာလေ..။
ရတယ် မလိုဘူး လိုက္မပို့နဲ့လို့ပြောရမည်ကို လိုက်ပို့ဟုပြောတော့လူတောင်နဲနဲကြောင်သွားမိသား။Chae
"အာ..ဟုတ်ပြီ သွားမယ်လေ"Lisa
"ကျွန်မမောင်းမယ်.."မောင်လို့မသုံးနှုန်းတော့ပဲ ကလေးကသူမကိုသူမ"ကျွန်မ"လို့သုံးနှုန်းပြန်တော့ ကိုယ့်မှာရင်ထဲထိ နာကျင်ရပြန်တယ်။
မောင်ကသူ့အသားနာအောင်လုပ်တာ မကြိုက်ဘူး ထင်ပါရဲ့။Chae
"မင်းမောင်းတတ်လို့လား.."Lisa
"ကားသော့ပေး"ကားသော့ပေးလိုက်တော့ သော့ဖွင့်ပြီးကားပေါ်တက်သွားတဲ့ကလေးဟာ ယုံကြည်မှုတော်တော်ရှိပုံရမည်။ချယ်လည်းအနောက်လိုက်တက်ရင်း မောင် မောင်းတယ့်ကားနှင့်ပထမဆုံးလိုက်စီးရတော့မည်။