ကျွန်တော်ကတော့ အထက်တန်းအောင်ပြီးသား
လူငယ်တစ်ယောက် Sean Xiao။ ကျွန်တော်က ကျွန်တော့်အမရယ် ၊ သူ့ယောကျ်ားရယ်၊ သူတို့သမီးလေးရယ် ပြီးတော့ သူတို့ရဲ့ သောက်ကျိုးနည်း သားလေးနဲ့ တူတူနေပါတယ်။အိမ်မှာရှိတဲ့လူတိုင်းနဲ့ရင်းနှီးပေမယ့် ဝမ်ရိပေါ်နဲ့တော့ ဟုတ်မနေဘူး။ ကျွန်တော်တို့ကအမြဲတူတူစားကြတယ်၊ အဝတ်အစားတွေဆိုလည်းတူတူသွားဝယ်ကြတယ်။ ဒါပေမယ့် ဝမ်ရိပေါ်ကတော့လား။ သူရဲ့ဂိမ်းရယ်၊စကိတ်ဘုတ်ရယ်၊ race kartရယ်နဲ့ကွန်ပျူတာရယ်အဲ့ဟာတွေမှာပဲ ခေါင်းစိုက်နေတာလေ။
ကျွန်တော့်အစ်မက ရုတ်တရက်ကြီး အမေရိက ကို သူ့အမျိုးသားနဲ့သွားရဖို့ဖြစ်လာတယ်လေ။သူ့ရဲ့သားအနေနဲ့ အဲ..မဟုတ်ပါဘူး သူရဲ့မောင်အနေနဲ့ကျွန်တော်က သူတို့ရဲ့ဒီအိမ်ကိုစောင့်ရှောက်ရတော့မယ်။ လျန်ရိရဲ့အဝတ်အစားတွေကိုလဲပေးရမယ်။ချက်ပြုတ်ရဦးမယ်။ သူ maid တစ်ယောက်လိုလုပ်ရတော့မှာပါလား!!!
"တစ်ခုခုဖြစ်လာခဲ့ရင် ကလေးတွေဘေးနားမှာပဲ နေပေးပါနော်" ကျွန်တော့်အစ်မက ကျွန်တော့်ရဲ့ကျောကုန်းလေးကို ခပ်ဖွဖွပုတ်ရင်းပြောလေသည်။
"ယန်လီရာ ကိုယ်တို့ကသေတော့မယ့် လူတွေမှ မဟုတ်ဘဲ" ကျွန်တော့်ရဲ့ ဒေါင်းမျိုးနွယ်ယောက်ဖက ရယ်ရင်းနဲ့ပြောသည်။"စိတ်မချရင် ကိုယ်ကလေးထိန်းခေါ်လိုက်ရမလား" ယောက်ဖက ထပ်ပြောလိုက်သည်။
"မခေါ်နဲ့ ယောက်ဖ!" ကျွန်တော်မတိုးမကျယ်အော်ပြောလိုက်သည်။" ကျွန်တော်ပြောတာက အမေရိကမှာ ပျော်ပျော်ရွှင်ရွှင် လည်ခဲ့ပြီး နေ့ရက်တွေကိုဖြတ်သန်းပါလို့" ကျွန်တော် ခေါင်းကုတ်ရင်းပြောလိုက်သည်။
"မား ဘာလို့သွားမှာလဲ" လျန်ရိကငိုရင်းပြောသည်။
ကျွန်တော့်ညီမက မျက်ရည်တွေ ကျလုနီးပါး။ ကဲ...စလာပါပြီ။ နောက်ထပ် ဒွမ်မာတွေ စတင်ခင်းပါပြီ။
အစ်မနဲ့ယောက်ဖကထွက်သွားကြပြီ။လျန်ရိကလည်း အကြာကြီးငိုပြီးလို့ အိပ်တောင်ပျော်နေပြီ။သူကတော့ ညနေ ၃နာရီခွဲ မှာ ဘာမှလုပ်စရာမရှိပဲ ဆိုဖာပေါ်မှာ ငိုင်နေတုန်း။
YOU ARE READING
Yizhan One Shots 18+(Translation)
Fiksi PenggemarThe original author is @Corpuse. Translated with author's permission. I give full credit to Author @Corpuse. And for the cover photo, I give full credit to the original artist. There will be four short stories. Reminder: Since these stories include...