CHAPTER 10

119 12 0
                                    

ဖာသာ Sebastian က church ကို ပြန်လာခဲ့တယ်
ပြီးတော့ Masquerade ball အကြောင်း Charles ကို ပြောပြလိုက်တယ်

Sebastian: ငါ ထင်တာမမှားဘူးဆိုရင် Charles.... မင်းရဲ့ ညီက အဲဒီကောင်မလေး အပေါ် ခံစားချက်တစ်ခုခု ရှိနေပုံရတယ်
Charles: ဘာလို့လဲ
Sebastian: သူ ကောင်မလေး အပေါ် ဆက်ဆံပုံက သာမန်ထက်ပိုတယ်
အပေါ်ယံ က မင်းအဖြစ် ဟန်ဆောင်ထားလို့သာ Salvatore နားကပ်နေပေမယ့်

Howard: အဲ့ကောင်က ကောင်မလေးကို လိုချင်တာပဲ
သူက လက်ရဲဇက်ရဲနဲ့ Salvatore ကို တစ်ခုခု လုပ်လိုက်နိုင်တယ်
မနေ့ကတောင် Sebas.... sorry..... ဖာသာ ကို သူသတ်တော့မလို့

Howard က ဝင်ပြောလိုက်တယ်

Sebastian: သူမှန်း မင်းဘယ်လိုသိတာလဲ
Howard: ခန့်မှန်းကြည့်တာလေ.....
အဲဒီ အိမ်မှာ သူပဲ အဲလို လုပ်ရဲလောက်မှာ

Charles: oh ဘုရားရေ
သူဘာမှမလုပ်ခင် ကျွန်တော် ပြန်သွားမှဖြစ်မယ်

Charles က ပြောတယ်

Sebastian: နေပါဦး.... မလောပါနဲ့ဦး
သူက Mari တောင် လူမှားလောက်အောင် ဟန်ဆောင်ကောင်းတာနော်
အခုပြန်သွားရင် မင်းကို Abernathy ဆိုပြီး လူတိုင်းယုံအောင် လုပ်လိမ့်မယ်
Howard: ငါတို့ကို ကူညီနိုင်မှာ တစ်ယောက်ပဲ ရှိတယ်

Charles: ဘယ်သူလဲ....

Charles က မေးလိုက်တယ်

Sebastian: Roxanne ပဲ....
Abernathy က ဒီည Masquerade ball တစ်ခု လုပ်လိမ့်မယ်
ငါတို့ သွားလို့ရတယ် ပြီးတော့ အားလုံးကို အမှန်အတိုင်းသိအောင်လုပ်ရမယ်
Charles: ဘယ်လိုလုပ်မှာလဲ.....
Sebastian: တစ်ခုခုတွေးကြည့်ပါဦး.... သူမသိပဲ မင်းပဲ သိတာမျိုးပေါ့
Charles: မရှိဘူး.....
Sebastian: မွေးရာပါ အမှတ်ဘာညာ
Charles: သိသာတာမျိုး မရှိဘူး

Howard က စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တယ်

Howard: ကောင်းရော
အခု ငါတို့မျှော်လင့်ချက်မဲ့ပြီ

Charles: ဒါပေမဲ့ ကျွန်တော် အဲဒီကို သွားချင်တယ် Salvatore ကို ကာကွယ်ပေးဖို့ပေါ့
သူသာ ဒီည အန္တရာယ်ကင်းတယ်ဆိုရင် ကျွန်တော့်တစ်ဘဝလုံး Abernathy အဖြစ်နေသွားလည်း ရတယ်

ဖာသာ Sebastian လည်း သက်ပြင်းချလိုက်တယ်

Sebastian: အချစ်ဆိုတာကြီး ရှုပ်ထွေးပုံများ....
Howard: လာပါ.... ငါတို့ ဒီသနားစရာကောင်လေးကို ကူညီကြရအောင်

တစ်ဖက်မှာတော့ Abernathy က Roxanne ကို Masquerade ball မှာ ဝတ်ဖို့ ဝတ်စုံကို အစမ်းဝတ်ကြည့်ခိုင်းတယ်

Abernathy: လှတယ်မလား.....
Roxanne: အင်း.....

Abernathy က သူမကို စိန်ပွင့်တစ်ပွင့်ပါတဲ့ လည်ဆွဲကို ဆွဲပေးလိုက်တယ်

Roxanne: ဒါက ဈေးကြီးမှာပဲ Charles
Abernathy: ငါ့အမေရဲ့ လည်ဆွဲပါ
Roxanne: ဘာလို့ ကျွန်မကို ဆွဲခိုင်းတာလဲ

Abernathy က နောက်ကနေ သူမ ခါးကို ဖက်လိုက်တယ်
Roxanne လန့်သွားတယ်

Roxanne: Charles.....
Abernathy: တောင်းပန်ပါတယ် ငါ့အမေကို သတိရသွားလို့
မင်းက သူငယ်ငယ်တုန်းကနဲ့ အရမ်းတူတယ်
Roxanne: အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်
ဒီည ပြီးရင်တော့ ကျွန်မနဲ့ Salvatore ဒီက ထွက်သွားတော့မယ်
Abernathy: Roxanne.....
Roxanne: ကျွန်မတို့ အပေါ် ဧည့်ဝတ်ကျေခဲ့လို့ ကျေးဇူးပါပဲ

Roxanne က ပြောပြီး ထွက်သွားတယ်

Abernathy: သေလိုက်ပါတော့!!!!

သူ ဒေါသတကြီးအော်လိုက်တယ်

Abernathy: ငါမင်းကို ဒီညတော့ အသေသတ်မယ် Salvatore......

သူတွေးလိုက်တယ်
Roxanne အပြင်ကိုရောက်လာတော့ ဖာသာက သူမကို ဆွဲခေါ်သွားတယ်

Roxanne: ဖာသာ.....
Sebastian: ကျွန်တော်နဲ့ လိုက်ခဲ့ Roxanne..... မင်းကို ပြောစရာရှိတယ်

ဖာသာ က Roxanne ကို Charles ရှိရာ church ကို ခေါ်သွားပြီး အကြောင်းစုံ ရှင်းပြလိုက်တယ်
သူမ အရာအားလုံးကို မယုံနိုင်လောက်အောင်ပဲ
Abernathy က တစ်ချိန်လုံး သူတို့ အားလုံးကို လှည့်စားထားတာ

Roxanne: ညဘက်တွေဆို Salvatore ပျောက်သွားတာ ကရော
Howard: လျှို့ဝှက် တံခါးကနေ ဖြတ်ပြီး Abernathy အခန်းကိုသွားတာ
သူ့ချစ်သူ Charles ထင်လို့
Charles အဖြစ် အယောင်ဆောင်နေတဲ့ Abernathy ကို သူ့လည်ပင်မှာဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တဲ့ လူက
တကယ်တော့ ဘယ်သူမှ မဟုတ်ခဲ့ဘူး
Abernathy က မင်းတို့ ထွက်မသွားအောင် သူ့ကိုယ်သူ လုပ်ကြံပြီး ဇာတ်လမ်းထွင်လိုက်တာ
သူ့လည်ပင်းကိုလည်း သူ့ဘာသာ ဓားနဲ့လှီးလိုက်တာ အဲဒါကြောင့် ဒဏ်ရာက အရမ်းကြီး မနက်သွားတာ

ဖာသာ Sebastian က ချောင်းဟန့်လိုက်တယ်

Sebastian: ဟုတ်ပြီ တော်လောက်ပြီ Howard
Roxanne: ကျွန်မကို ဘယ်လိုလုပ်စေချင်တာလဲ

သူမက မေးလိုက်တယ်

Howard: Abernathy ကို မင်းခင်ပွန်းနား မကပ်နိုင်အောင် အာရုံလွှဲထားနိုင်မလား.....
ဒီညပြီးရင် အကုန်ပြီးဆုံး သွားမယ်လို့ ငါတို့ အာမခံတယ် Roxanne.....

Roxanne တော်တော်ကြာကြာ စဥ်းစားလိုက်တယ်

Roxanne: ကောင်းပြီ!
ကျွန်မ ကူညီမယ်.....

INVIDIA✔ Book - 1Donde viven las historias. Descúbrelo ahora