CHAPTER 7

116 12 0
                                    

Sebastian: Howard တံခါးဖွင့်စမ်းပါ
ငါ မင်းလိုချင်တာ ပေးမယ်

Howard က တံခါး ပြန်ဖွင့်လိုက်တယ်

Howard: ဒီ မိန်းကလေး ဆိုရင်ရော
Roxanne: ဘာရှင့်!

လက်မြန်တဲ့ Roxanne ကြောင့် Howard ဘာမှပြန် မလုပ်နိုင်ခင်မှာပဲ သူ့ပါးတစ်ဖက် စပ်ဖြင်းဖြင်း ဖြစ်သွားတယ်

Sebastian: စိတ်...... စိတ်လျှော့ပါ Roxanne.....
ပြီးတော့ Howard..... သူမ မှာ ခင်ပွန်းရှိတယ်
အခုမှ တွေ့တဲ့ မိန်းကလေးကို မင်း ဒီလို မပြောသင့်ဘူး

ဖာသာ က ကြားထဲက ဝင်ပြောတယ်

Sebastian: ငါမင်းကို ငွေပေးပါ့မယ်ကွာ......
လိုချင်သလောက်
Howard: သေချာလား.....
Sebastian: အင်း သေချာတယ်
Howard: ပြီးရော

Howard လည်း Gloucester ရဲတိုက်ကို လိုက်လာတယ်

Sebastian: မင်း ခံစားရလား..... Howard
တစ်ခုခု ရှိနေတယ်လို့

Howard က ရယ်တယ်

Sebastian: ဘာရယ်တာလဲ
Howard: ငါမင်းကို ပြောဖို့ မေ့သွားတာ Sebas..... အဲ
ဖာသာ Sebastian..... ငါ့ စွမ်းအားတွေ က ပျောက်ဆုံးသွားတာ ကြာပြီ
Sebastian: မင်း.....!
Howard: haha! ဘာပဲဖြစ်ဖြစ် မင်းပေးတဲ့ ငွေအတွက် ကျေးဇူးပဲ
တစ်လလောက် အေးအေးဆေးဆေးထိုင်သောက်လို့ ရသေးတယ်

Howard က ပြောပြီး အိမ်ထဲက ပြန်ထွက်သွားတယ်

Roxanne: ဖာသာ..... ကျွန်မတို့ ဘာလုပ်ကြမလဲ
Sebastian: Roxanne ကျွန်တော် ကြိုးစားပေးပါ့မယ့်

ခြေသံ ပြင်းပြင်းကို ကြားလိုက်တယ်

Mari: ဒါဘာသဘောလဲ???

Mari က မေးတယ်
သူမက အနည်းငယ် ဒေါသထွက်နေပုံပေါ်တယ်

Roxanne: Ma..... Mari.....
ရှင်တို့ ဒီအတိုင်း နေလို့ မဖြစ်ဘူးလေ
ဟုတ်တယ်မလား.....
Mari: သခင်မလေး ရဲ့ လုပ်ရပ်က သူ့ကို ပိုဒေါသထွက်စေလိမ့်မယ်
ကျွန်မတို့ အားလုံး သခင်မလေး လုပ်ရပ်ကြောင့် ဒုက္ခရောက်သွားလိမ့်မယ်!!!!
ကျေးဇူးပြုပြီး သခင်မလေး သွားပါတော့.....
Roxanne: ကျွန်မ မသွားနိုင်.....
Mari: သခင်လေး Salvatore အတွက် စိတ်ပူမနေစမ်းပါနဲ့
သူက Gloucester မျိုးနွယ်တောင် ဟုတ်တာ မဟုတ်ဘူး
ဒုက္ခရောက်မယ့်ရောက် သခင်လေး Charles သာ ဖြစ်မှာ

Charles: ဘာတွေဖြစ်နေတာလဲ??

Charles အသံကြောင့် သူတို့တွေ လှေကားပေါ်ကို မော့ကြည့်လိုက်တယ်
Charles က တစ်ယောက်ထဲ လမ်းမလျှောက်နိုင်သေးတာကြောင့် သူ့ဘေးနားမှာ Salvatore က တွဲခေါ်လာတယ်

Mari: oh သခင်လေး ဘာကြောင့် အိပ်ရာထဲမှာ မနေတာလဲ
အခု ပြန်သွားပါ
Charles: ဘာကြောင့် Roxanne ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေရတာလဲ Mari
Mari: ဟို......

Roxanne: ကျွန်မ အကုန်လုံး သိပြီးပြီ Charles.....
ဖာသာ က ကျွန်မတို့ကို ကူညီနိုင်မှာပါ

Roxanne က ပြောလိုက်တယ်

Charles: oh... ကောင်းပြီ!
ဒါဆိုလည်း ဖာသာ ကူညီပါစေ
Mari: သခင်လေး!!!
Charles: တော်တော့ Mari! ကျွန်တော် အခုလို နေရတာလည်း စိတ်ပျက်လာပြီ

Mari က သိပ်တော့ လက်မခံချင်

Mari: သူက အားလုံးကို ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ

သူမ က Della နဲ့ ဧည့်ခန်းထဲမှာ ၂ယောက်ထဲ ထိုင်နေရင်း ပြောလိုက်တယ်

Della: သူ့လုပ်ရပ်က မှန်ကန်တာလည်း ဖြစ်နိုင်တာပဲ
Mari: မဖြစ်နိုင်ဘူး.....
သူက ဒီကို ဘယ်တုန်းကမှ ရောက်မလာခဲ့သင့်ဘူး
တကယ်တော့ သခင်လေးရဲ့ ဘဝထဲကိုတောင် ရောက်မလာခဲ့သင့်ဘူး......

ညဥ့်နက်လေ ရဲတိုက်ကြီးက ကြောက်စရာကောင်းလာလေပဲ
ဖာသာ က သူ့အခန်းထဲကနေ အပြင်ဘက်ကို စောင့်ကြည့်နေတယ်
သူ ခြေသံကြားရတယ်
အခန်းထဲကနေ အပြင်ကို ဖြည်းဖြည်းထွက်လာတယ်
ဘယ်သူ့ကိုမှ မတွေ့ရ.....

သူ လှေကားပေါ်ကို တက်လာတယ်
ကျောထဲစိမ့်သွားလောက်စေတဲ့ အကြည့်ပိုင်ရှင် အမျိုးသမီးရဲ့ ပန်းချီကားကို တွေ့တယ်
အပေါ်ထပ်ကနေ တစ်စုံတစ်ယောက် ဖြတ်ပြေးသွားတာကို မြင်လိုက်တယ်

Sebastian: အို အဖဘုရားသခင် ကျွန်ုပ်ကို အမှောင်အင်အားများထံမှ ကာကွယ်ပေးတော်မူပါ.....

သူက ဆုတောင်းပြီး လှေကား ပေါ်ကို တက်သွားတယ်
တကျွီကျွီနဲ့ အသံတစ်ခုကို သူကြားနေရတယ်
အဲဒီအသံနဲ့နီးလာလေ အလင်းရောင်က ပျောက်ဆုံးလာလေပဲ
ဖာသာလက်ထဲက မီးအိမ်ကို တစ်ယောက်ယောက်က ရိုက်ချလိုက်တယ်
မီးအိမ်ငြိမ်းသွားတာကြောင့် သူ ဘာမှမမြင်ရတော့ဘူး

တစ်ယောက်ယောက်က သူ့ကို တွန်းလိုက်တယ်
ဖာသာ Sebastian လဲကျသွားတယ်

အမှောင်ထဲမှာ တလက်လက်တောက်ပနေတဲ့ ဓားသွားကို တစ်ဖက်လူက မြှောက်လိုက်တယ်
လက်တစ်ဖက်က ဖာသာရဲ့ လည်ပင်းကို ဆုပ်ကိုင်ထားပြီး နောက်တစ်ဖက်က ဓားကို အားကုန်ထိုးချလိုက်တယ်

To be continued.

INVIDIA✔ Book - 1Tempat cerita menjadi hidup. Temukan sekarang