အသက်ရှင်ဖို့ တစ်ခုထဲကသာ သူမရဲ့ပန်းတိုင်

1.7K 233 2
                                    

ရှန်းယော့ က ဆက်သွယ်မှုမြေပုံကို ကျေနပ်စွာ ကြည့်လိုက်သည်။  ကျောင်းနန်ရဲ့ နာမည်ကို ကျော်ကြည့်လိုက်တော့ သူမချက်ချင်း စိတ်မသက်မသာ ခံစားလိုက်ရတယ်။

ကျောင်းနန် သည် သူမ၏ ယခင်ဘဝက စေ့စပ်ထားသူဖြစ်သည်။  လက်ရှိအချိန်အရတော့ သူတို့နှစ်ဦး စေ့စပ်ထားတာ တစ်လပဲ ရှိသေးသည်။

သူမ၏ယခင်ဘဝတွင်၊ ရှန်း မိသားစုက သူမအား မကြိုက်ကြောင်း ခံစားခဲ့ရပြီး ကျောင်းနန် သည် တော့ သူမ၏တစ်ဦးတည်းသောမိသားစုဝင်အဖြစ် သတ်မှတ်ခဲ့သည်။

သို့သော်လည်း ကျောင်းနန် သည် သူမအပေါ် အမြဲအေးစက်စွာ ဆက်ဆံခဲ့သည်။

သူမ အချိန်တိုင်း  သူ၏ကရုဏာကို စောင့်မျှော်နေကာ  ကျောင်းနန် နောက်သို့ စိတ်အားထက်သန်စွာ အမြဲလိုက်သွားခဲ့သည်။

သူမ အခု စဉ်းစားနေချိန်  ရှန်းယော့ သူမသည်...  တကယ်ကို နိမ့်ကျခဲ့တယ်!

ရှန်းယော့ က ဒီဘဝမှာတော့ ကျောင်းနန်နဲ့ ခပ်ဝေးဝေးနေမယ်လို့ ဆုံးဖြတ်ခဲ့တယ် ။

ပထမအဆင့်မှာပဲ ကျောင်းနန်နဲ့ ဆက်ဆံရေးကို မလုပ်ရန်ဖြစ်သည်။

ရှန်းယော့ သည် မြေပုံကို အချိန်အတော်ကြာ စူးစမ်းလေ့လာခဲ့ပြီး လီမင် နှင့် တခြား အဆက်အစပ်မရှိသော သူများနှင့် စတင်ရန် ဆုံးဖြတ်ခဲ့သည်။

လီမင်၊ ကျောင်းကွမ်၊ စုဝမ်… ဒီလူတွေဟာ ရှန်းဂျောင်၊ ကျောင်းနန်တို့ နဲ့ အဆက်အဆံ အနည်းဆုံးသူတွေဖြစ်သည်။ 

သူတို့ထက် နှစ်အနည်းငယ်ပိုကြီးတဲ့ သူမရဲ့ အဖိုးတန်အစ်ကို ရှန်းဂျွန်အနေနဲ့တော့ သူက ပိုတောင် အဆက်အသွယ်အနည်းဆုံးဖြစ်သည်။ 

သူမ ရင်းနှီးလိုသော လူများကို ရွေးချယ်ပြီးနောက်၊ ရှန်းယော့သည် နောက်ဆုံးတွင် ငြိမ်သက်သွားပြီး ကုတင်ပေါ်တွင် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

“ဘန်း!  ဒုန်း!  ဒုန်!”

တံခါးဆီမှ ပြင်းထန်သော ခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

ရှန်းယော့  ကုတင်ပေါ်တွင် အိပ်ပျော်နေရာမှ  ချက်ချင်း လန့်နိုးသွားတယ်။

ငါ ဇာတ်ပို့အဖြစ်မသေချင်ဘူး ( MM trans )Where stories live. Discover now