ဟောင်ရှောင်က ဘယ်တုန်းကမှ အတန်းဖော်မရှိခဲ့ဖူးဘူး

1.5K 238 5
                                    

Zawgyi

 
ရှန်းယော့ သည် ကျူးကော ပြောတာကို ကြားပြီးနောက် ထိုသူ့ထံတွင် အသန့်ကြိုက်ရောဂါ ရှိနေမည်ဟု  သူမမျှော်လင့်ခဲ့ပေ။

“ဒါဆို သူ အခုချက်ချင်း ထွက်သွားတာက…” ရှန်းယော့က မသိစိတ်နဲ့ ခန့်မှန်းလိုက်သည်။

"သူဟာသူ အတင်းဆေးကြောဖို့ ဒါမှမဟုတ် သူ့ကိုယ်သူ ပိုးသတ်ဖို့ ဆေးရုံကို ပြေးတာ ဖြစ်နိုင်တယ်!"

ကျူးကောက လေးလေးနက်နက် ခန့်မှန်းလိုက်သည်။  သူ့အမူအရာက တကယ်ကို အနည်းငယ် တင်းမာနေပုံရသည်။

ရှန်းယော့၏ နှုတ်ခမ်းထောင့်လေးများသည် တုန်လှုပ် ချောက်ချားနေကာ မဲ့နေတော့သည်။  အကျိုးဆက်က ဒီလောက်ပြင်းထန်မယ်လို့ သူမ မမျှော်လင့်ထားပါဘူး...

အတန်းစကတည်းက ယောင်ရှောင် အခန်းထဲကို ပြန်မလာခဲ့ပါဘူး။

ရှန်းယော့ သည် အထက်တန်းစားအတန်းတွင် တက်ရောက်သည်က ဒါပထမဆုံးအကြိမ်ဖြစ်သော်လည်း ဆရာက သူမအား လုံးဝသတိမထားမိဘဲ ဆက်လက် သင်ကြားနေခဲ့သည်။

သူမကို တွေ့ဖို့နေနေသာသာ အတန်းတစ်ခုလုံး ဆရာ့အမြင်မှာ မရှိခဲ့ပေ ။

အထက်တန်းစားလူတန်းစားအတွက်၊ အတန်းတက်ခြင်းသည် အချိန်ဖြုန်းမှုတစ်ခုသာဖြစ်သည်။

သူတို့တစ်ဦးစီတွင် ကိုယ်ပိုင်ကျူရှင်ဆရာရှိသောကြောင့် အတန်းထဲတွင် အချိန်ဖြုန်းနေစရာ မလိုပေ။

တတိယတန်းတက်ပြီးနောက်၊ ရှန်းယော့သည် တံခါးအပြင်ဘက်မှ ယောင်ရှောင် လှမ်းဝင်လာသောအခါတွင် သူမ၏ပစ္စည်းများကို ထုပ်ပိုးထားခဲ့သည်။

ကျူးကော မှန်းဆထားသည့်အတိုင်း သူ့မျက်နှာပေါ်ရှိ အရေပြားသည် နီရဲနေသေးသည်၊ သူသည် ပိုးသတ်ဆေးနဲ့ ဆေးကြောခဲ့ခြင်းပင်။

ရှန်းယော့သည် ဟောင်ရှောင် ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်ကာ သူမ၏ မျက်လုံးများတွင် တောင်းပန်မှုအပြည့်ရှိသည်။

ယောင်ရှောင်သည် တံခါးဝတွင် ရှန်းယော့ ကိုမြင်သောအခါ၊ သူလည်း သူ့လမ်းကြောင်းတွင် ရပ်သွားသည်။

ငါ ဇာတ်ပို့အဖြစ်မသေချင်ဘူး ( MM trans )Where stories live. Discover now