အပိုင်း ( ၁၁ ) - ခုန်အုပ်သည်။

1.2K 126 0
                                    


ကျူးကောရဲ့ ရုတ်တရက် ရောက်လာတဲ့ အသွင်အပြင်ကြောင့် လုမာန်နဲ့ ကျောင်းရီတို့ရဲ့  စိတ်တိုနေမှုတွေက တဖြည်းဖြည်း လျော့သွားတော့သည်။ 

ကျူးကောဆိုတာက ကျောင်းနန်ရဲ့ ညီအစ်ကိုကောင်း တစ်ယောက်လေ။

သူတို့ နှစ်ယောက်က အတူတူ ကြီးပြင်း လာခဲ့ကြပြီး မိသားစု နှစ်ခု ကလဲ  သူငယ်ချင်း တွေ ဖြစ်ကြ သည် ။

သူတို့နှစ်ဦးစလုံးဟာ အမျိုးသားတွေမဟုတ်ခဲ့ရင် တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ဖို့ကို  မိသားစုက မျှော်လင့်ထားတယ်လို့ ဆိုကြတယ်။

အဲ့လို အသွင်အပြင်ရှိတဲ့ ကျူးကောကို လုမာန်နဲ့ ကျောင်းရီတို့က သဘာဝမတိုင်း စော်ကားဖို့ဆိုတာက မဖြစ်နိုင်ပေ။

ကျူးကော အဲ့နေရာကို ထိုင်ပြီးတာနဲ့ ကျောင်းရီနဲ့ လုမာန်တို့က အချင်းချင်း တွန်းလိုက်ကြကာ ချက်ချင်းဆိုသလိုပဲ တစ်ခုခု လုပ်စရာ ရှိသလိုနဲ့ လုပ်ပြီး အမြန်ထွက်သွား ကြတော့သည်။ 

ကျူးကောက ဘာမှမပြောပဲ သူ့ရဲ့ အစားအသောက်ကိုသာ တစ်စိုက်မတ်မတ် စားနေသည်။

နောက်ဆုံးမှာတော့ ရှန်းယော့က သူမရဲ့ စိတ်တွေ ပြန်လည် လျော့ကျသွားကြောင်း ခံစားလိုက်ရသည်။  သူမက ကျူးကောကို " ကျေးဇူးပဲ "

ကျူးကောက ခေါင်းကို မော့ပြီး ရှန်းယော့ ကို ကြည့်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။

ရှန်းယော့က ကျူးကောကို သူမဘက်ကနေ ရပ်တည်ပေးမယ်လို့ လုံးဝမျှော်လင့်မထားခဲ့ပေ။  ထို့ကြောင့် သူမစိတ်ထဲကနေ နည်းနည်းလောက် ကျေးဇူးတင်မိလိုက်သည်။ 

ရှဲ့ရှောင်နဲ့ ကျူးကောက တစ်ယောက်နဲ့ တစ်ယောက် ဘာမှမပြောပဲ သူတို့ဘာသာ သူတို့ စားသောက်နေကြသည်။ 

ထို့ကြောင့် ရှန်းယော့က ရှန်းရုံကို လှည့်ကြည့်လိုက်ကာ မေးလိုက်သည်။

"နင် ဘာလို့ ဒီကိုရောက်နေတာလဲ။"

"နင့်ရဲ့ ကန်တင်း က တခြားအဆောက်အဦးမှာ မဟုတ်ဘူးလား"

ငါ ဇာတ်ပို့အဖြစ်မသေချင်ဘူး ( MM trans )Where stories live. Discover now