Chapter 19

15 3 0
                                    

Unicode

"ဒါ ဒါ ကြီးက ဘယ်လိုကြီးလဲဟင်"

ခန်းဂျီသည် ဒေါက်တာ ရိုဆနို ကပ်ထားသည့် ထပ်ခိုးထပ်အခန်းလေးမှ သတင်းစာကိုကြည့်ရင်း ခေါင်းကုပ်နေရှာသည်။

"ဟုတ်ပါရဲ့နော် စန်းစဲ ကပ်ထားတာကြီးကအကုန်လုံး နာရေးကြော်ငြာ အကြောင်းတွေချည်းပါပဲလား"

အဆုရှီ မှာလည်း ချောင်ကျနေသည့် နေရာများပါမကျန် နာရေးသတင်းကြော်ငြာများကပ်ထားသည်ကိုကြည့်ရင်း ဝင်ပြောလာတာဖြစ်သည်။အဆုရှီဘေးတွင်ရှိနေသည့် တာနိဇာကီမှာလည်း ကပ်ထားသည့် သတင်းစာများကို အသေးစိတ်လိုက်ဖတ်ကြည့်နေတာဖြစ်သည်။ပီတိဖြာနေသော ဒေါက်တာ ရိုဆနို မှာတော့ သူမကပ်ထားသည့် နာ‌ရေးကြော်ငြာသတင်းများကို ပွတ်သပ်ရင်း

"ဟိုး ဟိုး ဒီလိုရတနာ အမွေအနှစ်တွေကို တစ်စုတစ်စည်းထဲ မြင်တွေ့ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးနော် ငါ့မှာ သူတို့အားလုံးကို ရိုသေသမှုထားပြီး ခုနှစ် ရက်စွဲတွေကအစ သေသေချာချာ အစဉ်လိုက်စီပြီးကပ်‌ထားပေးတာ မလှဘူးလားဟင် အင်းလေ ဒီလိုခံစားချက်ကိုမင်းတို့ကလေးတွေက ဘယ်ခံစားတတ်သေးမလဲ မင်းတို့ကငယ်သေးတာကို ငါ့လို 25နှစ်အရွယ်မှ မရောက်ကြသေးတာ ဟား ဟား ဟား ဒါနဲ့ ရမ်ပို-ဆန် ကော ကျွန်မကပ်ထား‌တာကို ဘယ်လိုမြင်လဲရှင့်"

"အဆင်ပြေပါတယ်"

လက်ပိုက်ကာ ထုံးစံအတိုင်း ချိုချဉ်ငုံနေသော ရမ်ပိုသည် ခပ်တိုတိုဝင်ဖြေလိုက်ချိန်တွင် ဒေါက်တာ ရိုဆနို မှာမျက်နှာလေးညှိုးသွားတာဖြစ်သည်။

"မလှဘူးဆိုတဲ့ သဘောပေါ့ရှင်"

"ကျွန်တော်ကြည့်ရတာတော့ အဆင်ပြေပါတယ် နည်းနည်းကြောက်စရာ‌ကောင်းသလို ခံစားရတာကလွဲရင်ပေါ့ဗျာ"

ရမ်ပိုဘေးရပ်နေ‌သော ကုနိခိဒမှာ ညှိုးငယ်နေသော ဒေါက်တာ ရိုဆနို ကိုကြည့်ရင်း ဝင်ပြောလိုက်တာဖြစ်သည်။

"ဟား ဟား ကျွန်တော့်အမြင်လည်း ကုနိခိဒ-ခွန်းလိုပဲဗျ အဆင်‌ပြေပါတယ်ဗျာ မသိရင် ကြောက်စရာ အောက်မေ့ဖွယ် အထိမ်းအမှတ်ခန်းမထဲ ရောက်နေသလိုကိုခံစားမိတယ်"

Bungou Stray DogsWhere stories live. Discover now