Chapter 5

18 4 0
                                    

Unicode

"ဒဇိုင်း မင်း ဘာလို့အဲ့လိုကြီးတိတ်ဆိတ်သွားတာလဲ မဟုတ်မှလွဲရော ငါမင်းကို တကယ်နမ်းမယ်လို့များ တွေးနေတာလား အရူးရယ်"

ချူးရာက သူနှင့် နီးကပ်စွာရှိနေသည့် ဒဇိုင်း၏ တိတ်ဆိတ်သွားသော မျက်နှာကိုစိုက်ကြည့်ရင်း​ တိုးတိုးတိတ်တိတ်မေးနေတာဖြစ်သည်။ ဒဇိုင်းမှာတော့ ချူးရာမေးနေသည်ကို အာရုံမလာနိုင်သေးဘဲ တစ်ဖက်စားပွဲဝိုင်းတွင်ရှိနေသော မျက်မှန်နှင့် လူကြီးကိုသာ မသိမသာ အကဲခတ်နေသေးတာပင်ဖြစ်သည်။

"ဝါး...."

ထုံးစံအတိုင်း ဒဇိုင်းသည် စပ်ဖြဲဖြဲအမူအရာပြန်ဖြစ်သွားပြီး အားရပါးရ သမ်းဝေလိုက်သည်မို့ ချူးရာမှာ ဒဇိုင်းမျက်နှာနားမှ မသိမသာခွာကာ ရှုံ့မဲ့နေသော မျက်နှာအမူအရာနှင့် အသက်အောင့်လိုက်သည်။

"ချီးပဲ အစုံစားထားတဲ့ မင်းပါးစပ်က အာသမ်းရင်လည်း လက်လေးဘာလေးအုပ်ပြီးသန်းတာမဟုတ်ဘူး"

"အိုး ဟုတ်သားပဲနော် ငါမေ့သွားလို့ ဆော်ရီး ဟဲ ဟဲ ဟဲ ဟဲ"

ဒဇိုင်းသည် တဟဲဟဲ ရယ်နေစဥ်တွင် ချူးရာမှာ သူ့အနားမှခွာကာ စားပွဲပေါ်ရှိ ရေခွက်ထဲမှ ရေအနည်းငယ်ကို သူ့ဆံပင်တွင် ဖြန်းလိုက်တာဖြစ်သည်။ပြီးတော့ နီညိုရောင် သူ့ဆံပင်များကို ​လက်နှင့်ဘေးဘက်သို့ သေချာစွာပိပြားနေအောင်ဖိကာ လောင်းကုတ်ထဲမှ အသင့်ဆောင်ထားသော ​လေးထောင့်မျက်မှန်ကို တပ်လိုက်တာဖြစ်သည်။

"ဝိုး ဝိုး ဘယ်ဆိုးလို့လဲ ချူးရာ ခုကျတော့ မင်းက ​​ဆုံးသွားပြီဖြစ်တဲ့ ငါတောင်မမြင်လိုက်ရတဲ့ ငါ့အဘိုးနဲ့ တစ်ပုံစံထဲပါလား ခွီး ဟီး ဟီး ဒီတိုင်းနေနေနော် ငါမင်းကို တစ်နေရာပြင်ပေးဦးမယ်"

ဒဇိုင်းက တခွီး ခွီးရယ်ရင်းမှပင် စတော်ဘယ်ရီကိတ်ထဲရှိနေသည့် ချောကလက်ခရမ်ကို ချူးရာ၏ နှုတ်ခမ်းနားတွင် သုတ်လိမ်းပေးလိုက်တာဖြစ်သည်။

"ဘာလဲ ဘာလဲ ငါ့အသားကိုမထိနဲ့လို့ ထိရင် မင်းကို ငါအသေသတ်မယ်လို့ပြောထားတယ်နော် ဟေ့ ဟေ့ မင်းငါ့ကို ဘာတွေလုပ်လိုက်တာလဲ ဒဇိုင်း ငါစေးကပ်ကပ်နဲ့ မနေတတ်ဘူး "

Bungou Stray DogsWhere stories live. Discover now