Chapter 13

14 3 0
                                    

Unicode

ညနေပိုင်း နေအေးချိန် ရောက်လာပြီမို့ ပင်လယ်ဘက်မှ လေပြေလေအေးများသည် စတင်တိုက်ခတ်လာပြီဖြစ်သည်။နွားနှစ်ကောင်ဆွဲထားသော သူတို့လှည်းလေးမှာလည်း မြေနီလမ်းလေးပေါ်တွင် ပြေပြစ်စွာလှိမ့်သွားနေတာဖြစ်သည်။

လှည်းပေါ်ရှိ ကောက်ရိုးပုံကြီးကို မှီထိုင်နေကြသော သူတို့နှစ်ယောက်သည် အတန်ကြာသည်အထိ စကားမပြောဘဲ တိတ်ဆိတ်နေကြတာဖြစ်သည်။အထူးသဖြင့် ဒဇိုင်းသည် မျက်မှန်ဝိုင်းလေးတပ်ကာ ဆံပင်ကို ​သေသပ်စွာခွဲထားသည့် ချူးရာ၏ ဘေးတစောင်းမျက်နှာကို တစိမ့်စိမ့်ငေးကြည့်နေတာဖြစ်သည်။

အညိုရောင် တီရှပ်ပေါ်တွင် နက်ပြာရောင်ကုတ်ထပ်ဝတ်ထားပြီး အညိုဖျော့ရောင် ဘောင်းဘီ အနက်ရောင် ရှူးဖိနပ်နှင့် သပ်ရပ်သန့်ပြန့် နေသော ချူးရာ၏ ပုံစံကိုကြည့်ရင်း ဒဇိုင်းသည် ပြုံးကာ

"မင်းမှာ ကိုယ်ပိုင် စတိုင်လစ် ရှိနေတာလား ချူးရာ ကြည့်လိုက်တိုင်း အမြဲ ဖက်ရှင်ကျနေတာပဲ"

"မာဖီးယာဂိုဏ်းက လူဆိုတာ ဖော်လို့မရသေးတဲ့အချိန်ထိ ဒီလောက်တော့ ပုံစံပြောင်းနိုင်ရမှာပေါ့ ဒါနဲ့ မင်းက လေလံပွဲကို ဘယ်လိုရောက်လာတာလဲ ပြောရရင် ဘယ်လိုရောက်လာလဲဆိုတာထက် သူတို့ရဲ့ စကားဝှက်အဖြေကို မင်းဘယ်လို​လုပ်သိတာလဲ"

ချူးရာသည် မျက်လုံးများကိုပိတ်ကာ ခေါင်းကိုပါ နောက်မှီချရင်း ပြန်မေးလာတာဖြစ်သည်။

"ဘယ်လိုသိလဲဆိုတာ အရေးမကြီးပါဘူး ဒီတိုင်းအကုန် ဆန့်ကျင်ဘက်တွေလျှောက်ဖြေခဲ့တာမို့ အဓိက က မင်းကိုလိုက်ရှာရင်း ရောက်လာတာလေ မင်းသာ ငါ့ကိုရှောင်မနေရင် ငါဒီလိုလိုက်လာဖြစ်မှာတောင်မဟုတ်ဘူး ချူးရာ ပြောရရင် မနေ့က ရေစုပ်စက်ပြင်ပြီးတဲ့ချိန် မင်းဘာလို့.."

ထိုအခိုက်တွင် 'ကျွီ'ခနဲမြည်သံနှင့်အတူ လှည်းမှာ ရပ်သွားသည်မို့ ဒဇိုင်းမှာ စကားဆုံးအောင်ပင် မပြောလိုက်ရရှာတာဖြစ်သည်။

"ဝေး ဂျီဆန် လက်ထဲမှာလဲ ငါးတွေအများကြီးပါလား"

လှည်း​မောင်းနေသည့် အဘိုးအိုသည် ရှေ့တွင် ငါးများစွာ ဆွဲကိုင်ရင်းလျှောက်လာနေသည့် အဘိုး ဂျီဆန်နှင့် ခေါင်းဆောင် ဖုခုဇဝ ကိုမြင်သည်မို့ လှမ်းနှုတ်ဆက်တာဖြစ်သည်။

Bungou Stray DogsWhere stories live. Discover now