❣️5|:MINE!!:❣️

23 4 0
                                    

Zawgyi❣️

မိုးကုပ်စက်ဝိုင်းအား ကျော်လွန်၍ တစ်စတစ်စ ပီပြင်စွာ ပေါ်ထွက်လာသော လိမ္မော်နီရောင် နေလုံးကြီး၏ အလင်းဓာတ်၊ အပူစွမ်းအားနှင့်အတူ လူသားတို့၏ တစ်နေ့တာသည်လည်း စတင်ကြတော့သည်။ အလင်းအားလည်း ပို၍ လွှမ်းခြုံလာသလို မနက်ခင်းမှာလည်း ပီသစွာ သရုပ်ပေါ်လာခဲ့ပြီ။ တက်ကြွနေသော ခြေလှမ်းများနှင့်အတူ မနက်ခင်းကို ကြိုဆိုရင်း jiminတစ်ယောက် ကျောင်းသွားဖို့ ပြင်ဆင်ရတော့၏။ ယခင်နေ့တွေတုန်းကနှင့် မတူပဲ ဒီနေ့ ကျောင်းသွားဖို့ ပြင်ဆင်ရတာ သိပ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေသည်။ အရင်ကတော့ ဒီနေ့ ဘယ်လို စာလေ့လာမလဲ၊ ရထားပြီးသား စာတွေကို စာမေးပွဲမှာ အဆင်ပြေပြဖြေနိုင်အောင် ဘယ်လို ထပ် လေ့ကျင့်မလဲ၊ ကုန်ကုန်ပြောရရင် နေ့လည်စာ ဘာစားရမလဲဆိုတာလောက်ပဲ အတွေးထဲ ရှိခဲ့တာဖြစ်သည်။ အခုတော့ ကျောင်းရောက်ရောက်ချင်း အတန်းထဲက သူတွေကို ဘယ်လို စရင်ဆိုင်မလဲ၊ သူတို့မေးလာမယ့် ပက်သက်မှုမွေးခွန်းတွေ အပေါ် ဘယ်လို တုံ့ပြန်ဖြေဆိုရမလဲ၊ အဆိုးဆုံးကတော့ dark princeနဲ့ ဟန်ဆောင်တာကို ဘယ်ကနေ ဘယ်လိုစပြီး ဟန်ဆောင်ရမလဲ ဆိုတာတွေပဲ။ ရင်လည်း ခုန်သလို ရင်လည်း တုန်မိတာတော့ အမှန်။

dark princeက ဆိုးဝါးတဲ့ သူတစ်ယောက် မဟုတ်တာ သိပေမယ့် သူ့စိတ်က အလွန် ခန့်မှန်းရခက်သည်လေ။ အခု ကောင်းပြီး ခနနေ ဆိုးချင်ဆိုးတာ။ နောက်ပြီး သူတို့ လုပ်ထားတဲ့ အပေးအယူ။ ခံစားချက်ရှိပြီး ကိုယ့်ကိုကိုယ်သာ စိုးမိုးခြယ်လှယ်လိုစိတ်ရှိကြတဲ့ လူသားတစ်ယောက်က အခြားလူသားတစ်ယောက်ရဲ့ စိတ်သဘောဆန္ဒအတိုင်း တသဝေမတိမ်း လိုက် နေပေးရမယ်ဆိုတာက အဖက်အဖက်က တွေးကြည့်ရင် သိပ်ကြောက်စရာကောင်းပြီး ဖြစ်နိုင်ခြေလည်း နည်းလွန်းတဲ့ အရာတစ်ခုမလား။

ဒါပေမယ့် အဲ့လို မိုက်ရူးရဲဆန်တဲ့ အရာအပေါ် မိုက်ရူးရဲဆန်စွာပဲ သူလက်ခံဖို့ ဆုံးဖြတ်ချက်ချခဲ့လိုက်သည်။ ဘ၀မှာ ပထမဆုံး ရခဲ့တဲ့ ကာကွယ်ပေးခံရမှုအပေါ် တဖက်လူက ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ် jiminအတွက်ကတော့ အရှားပါးဆုံးနဲ့ ကျေးဇူးအပုံကြီးတင်စရာပင်။ သိက္ခာဆယ်တယ်လို့ ပြောပြော ကာကွယ်ပေးလိုမှုရဲ့နောက်မှာ dark princeရဲ့ နွေးထွေးမှုသေးသေးလေးအား jiminသေချာစွာ ခံစားမိသောကြောင့်ဖြစ်သည်။

Little Wolf & His Prince✨Tempat cerita menjadi hidup. Temukan sekarang