Windy Moon - 4
Zawgyi
"ကောင်လေး"
ရှောင်းကျန့်တစ်ယောက် ဧည့်ခန်းထဲမှာ ရှိတဲ့ ရှေးဟောင်းပန်းအိုးကြီးတွေကို သန့်ရှင်းရေးလုပ်နေတုန်း အလုပ်သမားခေါင်းဆောင်အဒေါ်ကြီးက သူ့ အား လာခေါ်လေသည်။
"ဗျာ"
"မင်း သခင်လေးကို သွားနှိုးပေးပါလား?
မင်းက သူတစ်ဦးတည်းကို စောင့်ရှောက်ရမည့်သူဆိုတော့ သူကိစ္စတိုင်းကို မင်း လုပ်ရမယ်။အခုလိုမျိုး သန့်ရှင်းရေးလုပ်နေတာတွေ သခင်လေးသာ မြင်သွားရင် မိုးမီးလောင်နေဦးမယ်""ရပါတယ်ဗျ။
ကျွန်တော်က သူများအိမ်က ဒီအတိုင်းမနေတတ်ဘူးလေ""အေးပါ။
ဒါဆို အရင်ဆုံး သူ့ ကို သွားနှိုးလိုက်ဦးမယ်။
ငါတို့နှိုးရင်တော့ အနည်းဆုံး အလုပ်သမားကောင်မလေး တစ်ယောက် ပြုတ်ပြီးသားပဲ"အဒေါ်ကြီးစကားကြောင့် ရှောင်းကျန့် ပိုလို့ပင် တက်တက်ကြွကြွပင် ဖြစ်သွားသည်။သူ သွားနှိုးတာဆိုတော့ အလုပ်ပြုတ်ရင် သူ ပြုတ်မှာလေ။မနေချင်တဲ့ သူ့ အတွက် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်လေသည်။
"ဒါဆို ကျွန်တော် သခင်လေးဝမ်ကို သွားနှိုးလိုက်ဦးမယ်နော် ဒေါ်လေး"
"အေးအေး။
မင်း လက်ထဲကဟာတွေ ငါ့ဆီပေးခဲ့""ဟုတ်"
ရှောင်းကျန့် လက်ထဲက ပစ္စည်းတွေကို အဒေါ်ကြီးအား အကုန်ပေးခဲ့လိုက်ပြီး တိုကပ်နေသည့် စကပ်စကိုလည်း အောက်သို့ ဆွဲချလိုက်သေးသည်။
စိတ်မသက်မသာ ဖြစ်ပေမယ့်လည်း မြို့စားမင်းရဲ့ သားအမိန့်ကိုတော့ သူ အာမခံရဲပေ။ဆင်းရဲလွန်းတဲ့ သူ့ ဘဝလေး အချုပ်ထဲလည်း အချိန်မကုန်ခံနိုင်ပေ။
******
သခင်လေးဝမ်၏ အခန်းရှေ့ရောက်တော့ ရှောင်းကျန့် တပ်တပ်မတ်မတ်ရပ်ကာ အသက်ကို ဝဝလင်လင် ရှူသွင်းလိုက်သည်။
ပြီး၌ ညင်ညင်သာသာဖြင့် တံခါးအား ခေါက်လိုက်သည်။
ဒေါက်…ဒေါက်!
"သခင်လေးဝမ်…သခင်လေးဝမ်…အိပ်ယာထချိန်ရောက်ပါပြီ!"
ရှောင်းကျန့်၏ အသံချိုချိုလေးက ထိုအနားတစ်ဝိုက် ပြန့်နှံ့သွားလေသည်။အကွယ်တစ်နေရာက ချောင်းကြည့်နေသည့်
ရှောင်းကျန့်နဲ့တူတူ မိန်းကလေးများကလည်း အထဲက သူတို့သခင်ဆိုးလေး ကောင်လေးလှလှအား ဘယ်လိုတုန့်ပြန်လာမလဲဆိုတာ စိတ်ဝင်စားစွာပင် အများအပြား ရှိနေကြလေသည်။