Windy Moon - 10
Zawgyi
ရှောင်းကျန့်က လှဲချခံလိုက်ရပြီးနောက် ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ချခံလိုက်ရသည်။ဒါ ဘယ်သူ့ လက်ချက်ဆိုတာ လှည့်စရာမလိုအောင်ပင် သူ သိနေပြီး ဖြစ်သည်။
သခင်လေးဝမ်က နောက်ကနေ ရှောင်းကျန့်လက်နှစ်အား ချုပ်ကိုင်ထားပြီး ပြန်လည်ထမရနိုင်အောင်လည်း ရှောင်းကျန့်ကျောကို ဖိထားလေသည်။
"သခင်လေးဝမ်"
"ခင်ဗျာ?"
အသံလေးကတော့ ချစ်ဖို့ကောင်းတယ်။စိတ်ဓာတ်ကတော့ ချဉ်ဖက်ပဲ!
"ငါ့ကိုလွှတ်"
"အင်း လွှတ်ပေးမှာပေါ့"
သခင်လေးဝမ်က လက်ထဲမှာ ဘယ်တည်းကတည်းက ရှိနေတဲ့ ကြိုးတစ်ချောင်းဖြင့် ရှောင်းကျန့်လက်တွေအား ချည်လေသည်။
"လွှတ်ပေးရင် ဘာလို့ကြိုးချည်နေရတာလဲ"
"ခဏလေးနော်"
ရှောင်းကျန့် ရုန်းတော့ မတ်တပ်ရပ်လို့မရပေမယ့် ပက်လက်တော့ လှန်သွားလေသည်။
ခဏကြာတော့မှ သခင်လေးဝမ်က သူ့ အနားကို စာရွက်တစ်ရွက်ကိုင်လာပြီး ရောက်လာလေသည်။"ကျွန်တော် ဘာစာရွက်လေး ယူလာလည်း ခင်ဗျားလေး မျက်စိဖွင့်ကြည့်လိုက်စမ်း"
ခေါင်းစီးပိုင်းမှာတင် လက်ရေးဖြင့် ရေးထားတဲ့ စာတစ်ကြောင်း " ကျွန်တော် ရှောင်းကျန့်သည် သခင်လေး အသက်ပြည့်ရင် လက်ထပ်မည်ဟု ကတိပြုပါသည် "
ရှောင်းကျန့်က သက်ပြင်းကြီးကြီးကျယ်ကျယ်ကို ချလိုက်ပြီး
မျက်လုံးတွေကို စုံမှိတ်လိုက်သည်။"ခင်ဗျားလေး လက်မ ခဏ"
ရှောင်းကျန့် ဘာမှပြန်ပြောချင်စိတ် ရှိမနေတော့ဘူး။
ကလေးက ကလေးစိတ်ရယ်ပါပဲ။
သူ သဘောမကျဘူး အထပ်အထပ် အခါအခါ ငြင်းနေလည်း
သူ မရရအောင်သာ ပြုနေတော့သည်။ကလေးဆန်လိုက်တာ မြို့စားမင်း သားငယ်လေးရယ်!
"ဝမ်လေး ဒါ ဘာတွေ လုပ်နေတာလဲ!!"
ဝမ်ရိပေါ်က လုပ်နေတဲ့အရာကို ခဏရပ်ထားလိုက်ပြီး အသံကြားရာ နေရာဆီသို့ မော့ကြည့်လိုက်သည်။ဒါ သူ့ ရဲ့ မွေးမိခင်လေးပဲ။သူ သိပ်ပိုင်ပါတယ်။