Windy Moon - 14
Zawgyi
သခင်လေးဝမ်က သူ့ အနား စိုးရိမ်တကြီး ရောက်ရှိလာသော
သဘောကျရသည့် သူလေးအား ကျေနပ်စွာပင် ငေးကြည့်နေမိသည်။အခုတော့ ခင်ဗျားလေးရဲ့ အားနည်းချက်ကို ရှာတွေ့ ပြီဗျ။
ခင်ဗျားလေးက သနားစိတ်လေး ဂရုဏာစိတ်လေး အတော်ရှိသူပါပဲလား။ဒါဆို ဥာဏ်ကောင်းတဲ့ ကျွန်တော်က အဲ့အားနည်းချက်လေးကို အသုံးချပြီး ကျွန်တော့်အနားမှာ ခင်ဗျားလေးကို တစ်သက်လုံး ချုပ်ထားမယ်ဆိုရင် ခင်ဗျားလေး နေမှာလားဗျ!
သခင်လေးဝမ်က ငေးကြည့်နေရင်မှ ပြုံးလိုက်လေသည်။
ဒီကိုကိုဟာလေ ဘယ်လိုလေးမှန်းကို မသိဘူး။"ကျွန်တော့်ကို တောင်းပန်စရာမလိုပါဘူး ခင်ဗျားလေးရယ်…ဘယ်လိုဖြစ်ပြီး မျက်ရည်တွေတောင် ဝဲနေရတာလဲဗျ"
အနားရောက်လာသည့် ရှောင်းကျန့်က သခင်လေးဝမ်က ပြုံးကြည့်ကာ ခပ်နောက်နောက်လေး ဆိုလေသည်။
"သခင်လေး ကိုယ့်ကိုကိုယ် တစ်ခုခုလုပ်လိုက်မှာ စိုးရိမ်လို့ပါ"
"ခင်ဗျားလေး ဒီအိမ်ကနေ တကယ်ထွက်သွားမယ်ဆိုရင်တော့ ကျွန်တော် လုပ်ဖြစ်မယ် ထင်တယ်ဗျ"
"အဲ့ဒါနဲ့ပတ်သတ်ပြီး ကျွန်တော့်ဘက်ကိုလည်း နားလည်ပေးပါလား သခင်လေးရယ်"
ရှောင်းကျန့်က မျက်နှာလေး ညိုးသွားပြီး သခင်လေးဝမ်ထံမှ အကြည့်အား လွှဲလိုက်လေသည်။အခုဏက ဖြစ်တော့မည့် ကိစ္စမှာ သူ စိုးရိမ်တာ မှန်ပေမယ့် ရွာပြန်ရမည့် အခွင့်အရေးကိုတော့ သူ လက်လွှတ်ခံမည်မဟုတ်ပေ။
"တကယ့်ကို အချော့နည်းနဲ့ ပြောလို့မရပါလား"
"သခင်လေး!!"
သခင်လေးဝမ်က သူ့ လက်ကောက်ကို ဓားမြှောင်လေးဖြင့် ဖြတ်တင်လိုက်လေသည်။ဖြန်းကနဲ ထွက်သွားသည့် သွေးစများကို သခင်လေးက မလန့်တဲ့အပြင် ဓားမြှောင်ကိုင်ထားသည့် လက်ဖြင့် ယူလိုက်ကာ အနားရှိနေသည့် ရှောင်းကျန့်၏ နဖူးအား သုတ်လိုက်လေသည်။
"အခု ကျွန်တော် အသက်ပြည့်ရင် လက်ထပ်မည့်သူကို မှတ်ထားလိုက်ပြီ။ခင်ဗျားလေးလည်း ထွက်ပြေးဖို့ မကြံနဲ့။
ဒီကိစ္စကို ကျွန်တော့်ပါးနဲ့မေ့ကိုလည်း ပြောထားမှာ"